ခင်ပွန်းဖြစ်သူက မိသားစုကိုချစ်တတ်ပြီး တာဝန်ကျေတဲ့ အမျိုးသားတစ်ယောက်ဖြစ်တာကြောင့် အိမ်ထောင်ကျတာ ကံကောင်းတယ်လို့ အဆိုတော်စန္ဒီမြင့်လွင်က သူမရဲ့ အိမ်ထောင်ရေးတည်ဆောက်ပုံကိုပြောပြလာပါတယ်။
"အစ်မတို့ Rs သွားတဲ့ပုံစံက အစ်မက အစ်ကို့ကို မချုပ်ချယ်သလို အစ်ကိုလည်း အစ်မကိုတစ်ခါမှ မချုပ်ချယ်ဘူး။ အစ်မတို့နှစ်ယောက်မှာ ဘာကိုသွားလဲဆိုတော့ အစ်မကလည်း သူ့ကို ယုံကြည်မှုအပြည့်အဝပးတယ်။ သူအပြင်သွားလို့ အစ်မဖုန်းတစ်ချက် လှမ်းဆက်ပြီးမခေါ်ဘူး။ သူအလုပ်လုပ်နေလို့ သူ့ဘာသာသူ ဘယ်သူနဲ့ပဲသွားသွား အစ်မတစ်ခါမှ ဖုန်းလှမ်းဆက်ပြီး မခေါ်သလို သူ့ဖုန်းကို ဒီနေ့အထိ တစ်ခါမှလိုက်စစ်တာမျိူး မရှိဘူး။ သူ့ကိုယုံကြည်မှုအပြည့် ပေးထားတယ်။ သူလည်းဒီလိုပဲ အစ်မသူငယ်ချင်းတွေနဲ့ ညအိပ်သွားတဲ့ အချိန်လည်း ဖုန်းလှမ်းဆက်ပြီးမေးတာမျိုး မရှိဘူး။ တစ်ယောက်နဲ့တစ်ယောက်က နားလည်မှုနဲ့ သွားတာမျိုးပဲ။ 'ဒါမလုပ်ရဘူး၊ ဒါမလုပ်ရဘူး' ဆိုရင်တော့ဘယ်RS မှ မြဲမှာမဟုတ်ဘူးဆိုတော့ အဲဒီနည်းနဲ့ပဲ သွားတယ်။ အစ်မတို့မှာ လဲလို့မရတာ ယုံကြည်မှုပဲ၊ အစ်မလည်း သူ့ရဲ့ယုံကြည်မှုကိုဖျက်ဆီးပြီး ပေါက်ကရလျှောက်လုပ်နေမှာမဟုတ်သလို သူလည်းပေါက်ကရ လျှောက်လုပ်နေမယ့်သူ မဟုတ်ဘူး" လို့ ခင်ပွန်းနဲ့ ယုံကြည်မှု တည်ဆောက်ထားပုံကို စန္ဒီမြင့်လွင်က ပြောပြပါတယ်။
Photo-Sandy Myint Lwin FB
ခင်ပွန်းဖြစ်သူ ကိုသီဟက မိသားစုအပေါ် သိတတ်ပြီးချစ်တတ်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်တဲ့အကြောင်းကိုလည်း ပြောပြလာပါသေးတယ်။
"အမျိုးသားကို အပြင်မှာတွေ့ရင် ပြောကြနော်။ ဘယ်သူနဲ့သွားလဲလို့။ အလကားစတာပါ။ သူအဲဒီလိုမျိုးတော့မဟုတ်ပါဘူး။ သူက မိသားစုကို တန်ဖိုးထားတတ်တဲ့ ချစ်တတ်တဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် အစ်မကံကောင်းပါတယ်။ လောလောဆယ်အထိပေါ့နော်။ အရမ်းကံကောင်းတယ်လို့ပြောရဖို့အတွက်ကျတော့ နှစ်တွေနည်းပါသေးတယ်။ အသက်ကြီးလာမှ ပြောမယ်လေ" ဆိုပြီး ရယ်မောကာ ဆိုလာပါတယ်။
Photo-Sandy Myint Lwin FB
ကိုသီဟလွင် နဲ့ စန္ဒီမြင့်လွင်တို့ စုံတွဲလေးဟာ ချစ်သူ ဘဝမှာသာမက အိမ်ထောင်ရှင်ဘဝမှာပါ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်တတ်ကြ လို့ ပရိသတ်တွေကတောင် အားကျရတဲ့ စုံတွဲလေးဖြစ်ပါတယ်။
Photo-Sandy Myint Lwin FB
အခုဆိုရင်တော့သူတို့အိမ်ထောင်သက်တမ်းက ၄နှစ်ကျော်ထဲ ရောက်ရှိနေပြီဖြစ်ပြီး ချစ်စရာကောင်းလွန်းလှပြီး အရမ်းတတ်ချစ်ဖို့ကောင်းတဲ့သမီးလေး ထရက်ရှာကိုလည်းပိုင်ဆိုင်ထားပြီးပြီပဲဖြစ်ပါတယ်။