အပြန်အလှန်လေးစားမှုရှိမှာ သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရမှာပါ။

လေးစားခံရသူတွေက ကိုယ့်ကိုယ်ကို လုံခြုံမှုကို ခံစားရပြီး  စိတ်ဓာတ်မြင့်တက်စေပါတယ်။ အမျိုးသမီးတွေမှာဆိုရင်   ကိုယ့်အိမ်ထောင်ဘက်ရဲ့ အလေးထား လေးစားမှုကို ပိုပြီး လိုချင် လိုအပ်ကြပါတယ်။ ဒါပေမဲ့ “ကျွန်မကို လေးစားမှုရှိပါ”လို့ ပြောနေရုံနဲ့ မလုံလောက်ပါဘူး ကိုယ်တိုင်က ကြိုးစားယူရပါမယ်။



၁။ သူ မလေးစားတဲ့ အကြောင်းရင်းကို သိပါ

ကိုယ့်ရဲ့ အိမ်ထောင်ဘက်က ကိုယ့်ကို မလေးစားတဲ့အခါ သူက ဘာကို မလေးစားတာလဲကို သတိပြုမိဖို့ လိုပါတယ်။ ယောကျ်ားတွေဟာ မတူညီတဲ့ လိင်ကွဲပြားမှုအရ မိန်းမတွေကို မလေးစားတတ်ကြတာဟာ ရည်ရွယ်ချက်ချက်ရှိရှိ မလေးစားတာမျိုးတော့ မဟုတ်ဘူးလို့ စစ်တမ်းတွေကဆိုပါတယ်။ သူရဲ့ မျိုးရိုးဗီဇနဲ့ နေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်အရလည်း ဒါကို မသိစိတ်က စွဲနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူက ဘယ်လိုအရာကို မလေးစားတာလဲဆိုတဲ့အချက်ကို အရင်သိဖို့လိုပါတယ်။

၂။ ကိုယ့်ရဲ့ ထက်မြက်မှုကို သူ့ကိုပြပါ

ကိုယ့်ရဲ့ အသိဉာဏ်ထက်မြက်မှုကို  သူ့ကို ပြပါ။ အကြောင်းအရာတစ်ခုကို မသိခဲ့ရင်လည်း လက်လျှော့လိုက်တာ ၊ မဆွေးနွေးတာမဟုတ်ဘဲ ကိုယ့်ရဲ့ အမြင်ကို ဝေမျှပါ။ စကားပြောဖို့ မကြောက်ရွံ့ပါနဲ့။ အလုပ်အကြောင်းလည်း ဆွေးနွေးပါ ။ ကိုယ်မသိဘူးဆိုပြီး မသိသလို မနေပါနဲ့။ ကိုယ့်ရဲ့ အမြင်ကို ရဲရဲဝံ့ဝံ့ဖော်ပြပါ။ ဒီအလေ့အကျင့်က သူနဲ့ကိုယ် ပြောဆိုဆွေးနွေးလို့ရပြီး ကိုယ့်ကို လေးစားမှုရှိလာဖို့ အထောက်အကူပြုပါတယ်။

Photo - Freepik

၃။ ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်ပါ

တချို့အမျိုးသားတွေက မိန်းကလေးတွေကို အိမ်နဲ့ပတ်သက်ပြီး ပြုပြင်စရာအသေးအဖွဲက အစ ကားမောင်းတာ ၊ အားကစားလုပ်တာလို ကိစ္စတွေမှာ သူတို့လို မလုပ်နိုင်ပါဘူးဆိုတဲ့ အတွေးအမြင်ရှိတတ်ကြပါတယ်။

ယောကျ်ားတွေက ကိုယ့်ကို အကဲမဖြတ်ခင် ကိုယ် ဘယ်လောက် အရည်အချင်းရှိတယ်ဆိုတာ သူတို့ကို သိပါစေ။ မီးလုံးလဲတာလောက် အသေးအမွှားကိစ္စမျိုးကို သူတို့ကို အကူအညီမတောင်းဘဲ ကိုယ့်ဘာသာ ဦးဆောင်လုပ်တာမျိုး လုပ်ပါ။ 

၄။ ကိုယ့်ကိုကိုယ် အရင်လေးစားပါ

လေးစားမှုဟာ အပြန်အလှန်ရှိရပါတယ်။ ဒါပေမယ့် သူများရဲ့ လေးစားမှုကို မခံရခင် ၊ သူများကို မလေးစားခင် ကိုယ့်ကိုယ်ကို လေးစားပါ။ ကိုယ့်ကိုယ်ကို လေးစားလေလေ ကိုယ်က သူတို့ရဲ့ လေးစားမှုနဲ့ ထိုက်တန်တယ်ဆိုတာ တခြားသူတွေ ပိုပြီး သိလေလေ ဖြစ်ပါတယ်။


၅။ သူ့ကိုလည်း ကိုယ်က လေးစားပါ။

ကိုယ့်ကိုဆက်ဆံစေချင်တဲ့ပုံစံအတိုင်း သူတစ်ပါးကို ဆက်ဆံပါဆိုတဲ့ စကားရှိပါတယ်။ လေးစားမှုနဲ့ပတ်သက်ရင် ဒီစကားက မှန်ပါတယ်။ သူတို့ပြောတာတွေကိုနားထောင်ဖို့၊ မျက်လုံးချင်းဆုံအောင်ထိန်းသိမ်းဖို့၊ သူတို့အတွက် သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို အချိန်နည်းနည်းပေးပြီး နားထောင်ပေးပါ။ ယောကျ်ားတွေက သူတို့ကို အိမ်ထောင်ဘက်က ဂရုစိုက်တယ် ၊ စိတ်ဝင်စားတယ်ဆိုတဲ့ အချက်ကို လိုချင်ကြပါတယ်။ဒါ့အပြင် ကိုယ့်ဘဝမှာ သူက ဦးစားပေးဆိုတာလည်း သူ သိအောင်လုပ်ပါ။ သူ့ကို အားပေးထောက်ခံတဲ့သူ ဖြစ်ပါစေ။

Photo - Freepik

၆။ သူ့ကို အလေးထား နေရာပေးပါ။

သူ့ကို ထောက်ခံအားပေးဖို့ ကိုယ်က သူ့ကို ယုံကြည်မှုရှိတာ သူ သိပါစေ။ ဒါ့အပြင် ကိုယ် အလုပ်တစ်ခု လုပ်တဲ့အခါ နောက်ဆုံးဆုံးဖြတ်ချက် ချခါနီးတိုင်း သူ့ဆီက အကြံရယူပါ။ သူက အရေးပါတယ်လို့ နေရာပေးပါ။ ယောကျ်ားတွေက သူတို့ကို လိုအပ်တာနဲ့ သူတို့ရဲ့ ကဏ္ဍက အရေးပါတာကို လိုချင်ကြပါတယ်။ အထူးသဖြင့် သူတို့ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေရှေ့မှာ သူ့ကို မြှင့်တင်ပေးပါ။

၇။ အကောင်းမြင်ပြီး အပြုသဘောဆောင်ပါ

ဒါဟာ တစ်ခါတစ်ရံမှာ မဖြစ်နိုင်ဘူးလို့ ခံစားရလိမ့်မယ်။ ဒါပေမယ့် အဲဒါကို ရအောင်လုပ်လိုက်ရင် အပြောင်းအလဲဖြစ်သွားပါလိမ့်မယ်။ ကိုယ် ကြုံလာတဲ့ ခံစားရတဲ့ အရာတွေကို အကောင်းမြင်ပြီး စိတ်ကိုလည်း ပွင့်ပွင့်လင်းလင်းထား ပြောဆိုပါ။ ကိုယ်ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကို သိဖို့ တွန်းအားပေးပါ ။ လုပ်ဆောင်ပါ ။ တစ်နေ့တာရဲ့ အဆုံးမှာ ကိုယ်လုပ်ဆောင်ခဲ့တာတွေက တစ်ဖက်သားဆီက လေးစားခံရဖို့ ထိုက်တန်တယ်ဆိုတာ သိပါစေ။

အိမ်ထောင်ရေးမှာ အပြန်အလှန်လေးစားမှုက အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပြီး အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်အိမ်ထောင်ဘက်က လေးစားမှုရှိပြီး နေရာပေးတာကို ခံစားရတဲ့အခါ  ပျော်ရွှင်တယ်လို့ အပြင်အလုပ်မလုပ်ဘဲ အိမ်မှုကိစ္စပဲ ဆောင်ရွက်တဲ့ အိမ်ထောင်ရှင်မ တစ်ဦးက ဆိုပါတယ်။

အိမ်ထောင်ဘက်အားလုံး တစ်ဦးနဲ့တစ်ဦး လေးစားချစ်ခင်ရင်း အချင်းချင်းဖေးမလို့ သာယာတဲ့ မိသားစုဘဝ တည်ဆောက်နိုင်ကြပါစေနော်။

Ref: aconsciousrethink



Share

Loading Next Article...
က္က