ရက်ရှ်ဖို့ဒ်ရဲ့ လှည့်စားမှုခံခဲ့ရပြီး ဂိုးပေးခဲ့ရတာပါ။

လီဗာပူးကြယ်ပွင့်နောက်ခံကစားသမား အလက်ဇန္ဒားအာနိုးလ်ဟာ ၂၀၁၈ ခုနှစ် မတ်လတုန်းက လီဗာပူးအသင်းကို ၂ ဂိုး သွင်းယူခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို လျှော့တွက်မိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ကြောင်း Express ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အလက်ဇန္ဒားအာနိုးလ်ဟာ အိုးထရက်ဖို့ဒ်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်မတိုင်မီ ၁၄ လအလိုမှာ ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲစဉ်ကို ကစားခဲ့ရသူဖြစ်ပြီး တို်က်စစ်တောင်ပံမှာ ကစားတဲ့ ရက်ရှ်ဖို့ဒ်နဲ့ တွေ့ဆုံရာမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်က ပထမပိုင်း ၁၄ မိနစ်မှာ အလက်ဇန္ဒားအာနိုးလ်နဲ့ ယှဉ်ပြေးနေရာကနေ တစ်ချက်ခေါက်လိုက်ပြီး ဂိုးကန်သွင်းခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ၁၀ မိနစ်အကြာမှာပဲ ရက်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ ၁-၁ သရေကျခဲ့တဲ့ပွွဲစဉ်မှာလည်း မားကပ်စ်ရက်ရှ်ဖို့ဒ်က လီဗာပူးအသင်းကို အဖွင့်ဂိုး သွင်းယူခဲ့ပြီး လီဗာပူးနောက်ခံကစားသမားတွေကို ဒုက္ခပေးနိုင်ခဲ့တာဖြစ်ပါတယ်။



မန်ချက်စတာယူနိုက်တက်အသင်းက ဧည့်သည်လီဗာပူးအသင်းကို ၂-၁ နဲ့အနိုင်ရရှိခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လပွဲစဉ်ညနေခင်းကို The Athletic နဲ့ တွေ့ဆုံရာမှာ အလက်ဇန္ဒားအာနိုးလ်က ပြန်ပြောင်းပြောပြခဲ့တာဖြစ်ပါတယ်။

“ဟုတ်တယ်။ ကျွန်တော် ကစားခဲ့တဲ့ပွဲစဉ်တွေထဲမှာ အခက်ခဲဆုံးပွဲပဲ။ ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ ကျွန်တော့်ထက်အရင် ကစားနေတဲ့သူတစ်ယောက်နဲ့ တိုက်ရိုက်တွေ့ဆုံယှဉ်ပြိုင်ခဲ့ရတာပါ”

“ကျွန်တော် သူ့ကို လျှော့တွက်ခဲ့မိတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ကြီးမားတဲ့သင်ခန်းစာတစ်ခုပါပဲ။ ကျွန်တော် မဖြစ်ချင်တဲ့အရာပါ”

“လီဗာပူးကစားသမားတစ်ယောက်အနေနဲ့ အဲဒီလို စွမ်းဆောင်ရည်က တစ်ရာသီအတွင်းမှာ အဆိုးရွားဆုံးပွဲစဉ်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုကိစ္စတွေ ဖြစ်လာတဲ့အခါမှာ ခင်ဗျား အဲဒီကနေ သင်ယူရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က