နောက်ကျော ဒဏ်ရာရထားပါတယ်။

ဒဏ်ရာအခြေအနေကို အမြန်ဆုံး တင်ပြစေလိုတာဖြစ်ပြီး အမြန်ဆုံး ပြန်ကောင်းနိုင်ဖို့ ဘယ်လို အဖြေရှာမလဲ ဆိုတာ တိုင်ပင်ကြမှာပါ။

Image result for marcus rashford

ယူရို ၂၀၂၀ ကို လွဲမလို ဖြစ်နေတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ နောက်ကျောဒဏ်ရာအခြေအနေ ဆေးစစ်ချက်တွေကို အမြန်ဆုံး တင်ပြဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ယူနိုက်တက်ကို တောင်းဆိုလာပြီလို့ Mirror သတင်းဌာနရဲ့ ဖော်ပြချက် အရ သိရပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကတော့ ရက်ရှ်ဖို့ဒ်အတွက် ဒီနှစ် ဘောလုံးရာသီ ပြန်ကစားနိုင်ဖို့ ခက်ခဲမယ်လို့ ပြောထားပါတယ်။

ဒါကြောင့် လက်ရှိမှာတော့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် ဆေးဝန်ထမ်းတွေက ယူနိုက်တက် ဆေးအဖွဲ့ဝင်တွေနဲ့ပူး ပေါင်းပြီး ရက်ရှ်ဖို့ဒ်ရဲ့ဒဏ်ရာကို ကုသပေးဖို့ လုပ်ဆောင်နေတာပါ။

Image result for marcus rashford

မူလက ရက်ရှ်ဖို့ဒ်အနေနဲ့ နောက်ကျောဒဏ်ရာကို အကောင်းဆုံး ပြန်လည်ကုစားပြီး လာမယ့် လမှာ ပြန်လည်သက်သာလာဖို့ မျှော်လင့်ခဲ့ပေမယ့် လက်တွေ့မှာ ထင်သလို ဖြစ်မလာတာပါ။

လက်ရှိမှာတော့ အင်္ဂလန် နည်းပြ ‌ဆောက်ဂိတ်မှာလည်း ဧပြီလမတိုင်ခင်အထိ ကိန်းကို ပြန်ရဦးမှာ ဟုတ်တဲ့အပြင် ရက်ရှ်ဖို့ဒ်ကိုပါ လက်လွှတ်ရတဲ့ အနေအထားက အခက်အခဲဆုံး ဖြစ်လာနိုင်ပါတယ်။

အင်္ဂလန်ရဲ့ ပထမဆုံး ယူရို အုပ်စုပွဲက ဇွန်လ ၁၄ ရက်နေ့မှာ ခရိုအေးရှားအသင်းနဲ့ စတင်ကစားရမှာ ဖြစ်လို့ လက်ရှိ အချိန်နဲ့ဆိုရင် ၄ လတောင် မကျန်တော့တာပါ။

Share

က္က