Power Nap လို့ခေါ်တဲ့ နေ့ခင်းဖက် ခဏအိပ်တာက ဦးနှောက်ကျန်းမာရေးတွက် အထောက်ကူဖြစ်တယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်

ဦးနှောက်ကျုံ့တယ်ဆိုတာ သူ့ထဲမှာရှိတဲ့ နုပျိုတဲ့ဆဲလ်တွေ သေဆုံးသွားလို့ တဖြည်းဖြည်း ကျုံ့သွားတယ်လို့ ယေဘူယျ ပြောနိုင်ပြီး အထူးသဖြင့် အသက်ကြီးသူတွေ အများဆုံး ခံစားရတဲ့ ရောဂါတမျိုးလို့ လက်ခံထားပါတယ်။

ဒါပေမယ့် သုတေသီတွေ လေ့လာချက်အရ ဦးနှောက်ကျုံ့တဲ့ ဖြစ်စဥ်ဟာ အသက်ရွက်နဲ့ တိုက်ရိုက်သလို လူတစ်ဦးချင်းစီရဲ့ မျိုးရိုး ၊ နေထိုင်မှု ဘဝပုံစံနဲ့ ဘယ်လို အိပ်စက်လဲ အခြေနေ (၃) ရပ် ပေါ် မူတည်တာကို တွေ့ရှိခဲ့ပါတယ်။

ဲ့ဒါက နေ့ခင်းဖက် ခဏတဖြုတ် အိပ်စက်သူတွေဟာ Dementia လို့ခေါ်တဲ့ ဦးနှောက်ကျုံ့တဲ့ ဖြစ်စဥ်ကို ဟန့်တားနိုင်ကြောင်း သက်သေ အထောက်ထားတချို့ကို မအိပ်စက်သူတွေနဲ့ နှိုင်းယှဥ်ပြီး လေ့လာခဲ့တဲ့ ရလာဒ်ပါ။


ါကို လန်ဒန်အခြေစိုက် ထိပ်တန်း တက္ကသိုလ် UCL က သုတေသီနဲ့ ဥရုဂွေး တက္ကသိုလ်က ပညာရှင်များက သုတေသန ပြုလုပ်ပြီး ထုတ်ပြန်လိုက်တာပါ။ 


အစောပိုင်း လေ့လာမှုတွေမှာ ခဏတဖြုတ် အိပ်စက်လေ့ရှိသူတွေမှာ Cognitive Benefits လို့ခေါ်တဲ့ ဦးနှောက်တုံ့ပြန်နိုင်စွမ်းကို စမ်းသပ်ရာမှာ မအိပ်သူတွေထက် ပို Responsive ဖြစ်ပြီး Cognitive ဆိုတာ အာရုံစူးစိုက်မှု လျော့နည်းတာ ၊ ပြဿနာတစ်ခုခုကို မမှတ်မိတာ ၊ စကးပြောဖို့ မလွယ်တာနဲ့ တစ်ခုခုကို နားလည်ဖို့ ခက်ခဲတာ စသဖြင့် လက္ခဏာ အမျိုးမျိုး ပြတတ်ပါတယ်။


တနည်းအားဖြင့် Cognitive နဲ့ Dementia ဖြစ်စဥ်နှစ်ခု ဆက်နွယ်နေပြီး သူတို့ Relation ကို ခဏတဖြုတ် အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး သုတေသီတွေ ဆက်လေ့လာခဲ့တာလို့ ဆိုထားပါတယ်။

သူတို့ သုတေသနမှာ အသက် ၄၀ နဲ့ ၇၀ အကြား လူအယောက် ၅ သိန်းရဲ့ မျိုးရိုးဗီဇ လက္ခဏာ ၊ မတူညီတဲ့ နေထိုင်မှု Likelihood နဲ့ အိပ်စက်မှု ကျန်းမာရေး အစရှိတဲ့ Criteria ၃ ခုကို Long-term & Large Scale လေ့လာမှုလို့ခေါ်တဲ့ Biobank Study နဲ့ အရင်ဆုံး Data ကောက်တယ်။


အဲ့ဒီထဲက Volunteer အယောက် ၃ သောင်းခွဲကိုကျ သူတို့ရဲ့ Genes နဲ့ ဗီဇအလိုက် ဘယ်လို အိပ်စက်ရမလဲ ပရိုဂရမ်တစ်ခု ရေးဆွဲလိုက်ပြီး ဦးနှောက် ကျန်းမာရေးအပေါ် Effective ဖြစ်မဖြစ် လေ့လာဖို့ ရှေ့က လူအယောက် ၅ သိန်းရဲ့ နေ့တဓူဝ အိပ်စက်ပုံနဲ့ အနီးကပ် လေ့လာတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - VIROJT CHANGYENCHAM Via Getty Images

သုတေသီတွေ တွေ့ရှိချက်အရ ပရိုဂရမ်နဲ့ လေ့လာမှုမှာ ဦးနှောက်ကျုံ့တာနဲ့ ဆက်နွယ်တဲ့ ရောဂါဖြစ်နှုန်း ပိုမိုနည်းပါးပြီး အထူးဖြင့် မအိပ်စက်သူတွေနဲ့ နှိုင်းယှဥ်လိုက်ရင် 2.6 နဲ့ 6.5 Rate (နှုန်း) ရှိတယ်လို့ သိရပါတယ်။ 

ဒီ Rate ဟာ အသက် ၄၀ နဲ့ ၇၀ ကြား တိုင်းတာဖြစ်လို့ နားလည်အောင် ပြောရရင် အသက်ကြီးလာတာနဲ့ အမျှ ဦးနှောက်ကျုံ့တဲ့ ဖြစ်စဥ်ဟာ မအိပ်တဲ့ သူတွေမှာ 6.5 Speed နဲ့ သွားနေတယ်လို့ သိထားနိုင်ပါတယ်။ 


UCL တက္ကသိုလ်ရဲ့ စီနီယာ သုတေသီ “Dr. Victoria Garfield” က “နေ့ခင်းဖက် ခဏတဖြုတ် အိပ်စက်သူတွေမှာ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ကျုံ့တဲ့ ဖြစ်စဥ်ကို နည်းလမ်းတဖုံနဲ့ ကာကွယ်ပေးနိုင်တယ်လို့ ကျမတို့ တွေ့ရှိချက်တွေက သက်သေပြနေတယ်”

“တကယ်လို့ ဆက်နွယ်မှုရှိရင် ဘယ်လောက် အိပ်ဖို့လိုလဲ အတိကျ မပြောနိုင်ပေမယ့် တရက်ကို နာရီဝက်လောက် မှေးခနဲ အိပ်လိုက်တာက ဦးနှောက်ကိုလည်း Refresh ဖြစ်စေတယ် ၊ Power Nap လို့လည်း ခေါ်တာပေ့ါ” လို့ သူမဆက်ပြောခဲ့ပါတယ်။


ဒီလေ့လာမှုဟာ ဗြိတိသျှ လူမျိုးတွေရဲ့ နေထိုင်မှု ဘဝပုံစံကို လေ့လာထားတာမို့ တခြားသူတွေ အဖို့ဆိုရင် ကွာခြားနိုင်တယ်လို့ သူမ ထောက်ပြထားပါတယ်။


အလုပ်ချိန် အိပ်စက်ခြင်း

ဒီလေ့လာမှုကို ထုတ်ပြန်လိုက်တဲ့အပေါ် တချို့ အလုပ်ရှင်တွေ နှစ်မျို့မှာ မဟုတ်ပါဘူး ၊ အလုပ်ချိန် အိပ်ရကောင်းလားဆိုပြီး ချက်ချင်း အဆူခံရဖို့က 100% သေချာပါတယ် ၊ အခန့်မသင့်ရင် အလုပ်ပြုတ်တာမျိုး ဖြစ်သွားနိုင်ပါတယ်။

Google မှာတော့ သူ့ဝန်ထမ်းတွေကို Sci-Fi ရုပ်ရှင်ထဲကလို ဘေးက အသံတွေ လုံးဝတိတ် ၊ ဘာအလင်းတစ်ခု ဝင်ခွင့်မရတဲ့ Power Napper ထဲမှာ မိနစ် ၂၀ လောက် ဝင်အိပ်လို့ ရပါတယ်။

ဒီဆောင်းပါး ဖတ်ပြီး ဘယ်လို သဘောရလဲ? အိပ်ဖို့ ချောင်းနေပြီလား? မအိပ်ခင် ကိုယ့်လူကို ပြောလိုက်ဦးပေါ့ ၊ မသိသေးရင် ဒီ Research ကို ဖတ်ကြည့်ပါလို့

တချက် စဥ်းစားဖို့ ရှိမှာက တစ်ရက်ကို ၈ နာရီ အိပ်စက်တာက မလုံလောက်ဘူးလား? ဒါထက် Dementia ဟာ စိတ်ဖိစီးမှု အပေါ် မူတည်နိုင်လို့ နေ့ခင်းဖက် Power Nap လုပ်တာက ပိုအကျိုးရှိတယ်လို့ စာရေးသူ တွေးကြည့်ပါတယ်။

Source: Fourtune



Share

Loading Next Article...
က္က