နာပိုလီကစားသမား ဒရိုင်းမာတင်စ်ရဲ့ ဇနီးသည် Katrin Kerkhofs ကတော့ သူမနဲ့ ခင်ပွန်းသည်ဖြစ်သူတို့ဟာ ခုတ်မောင်းနေတဲ့ ရထားပေါ်က အိမ်သာထဲမှာတောင် လိင်ဆက်ဆံဖူးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ ကလေးဘ၀ကတည်းက တွဲခုတ်လာခဲ့သူတွေဖြစ်ပြီး ၂၀၁၅ မှာ လက်ထပ်ခဲ့ကြပြီး ဘယ်လ်ဂျီယံရဲ့ အကျော်ကြားဆုံးစုံတွဲတွေထဲက တတွဲလည်းဖြစ်ပါတယ်။
kerkhofs က ဘယ်လ်ဂျီယံရုပ်သံဌာနတခုမှာ အလုပ်လုပ်ကိုင်သူဖြစ်ပြီး သူမနဲ့ ခင်ပွန်းသည်ရဲ့ အိမ်ထောင်ရေးအကြောင်းကို Daily Star ကို ဖွင့်ဟခဲ့တာပါ။ "အများရှေ့မှာတော့ ကျမက လေဒီတဦးလိုပဲပေါ့၊ ဒါပေမယ့် အိပ်ယာပေါ်မှာဆိုရင်တော့ ကျမက အရမ်းကို တမူထူးတယ်၊ သူများနဲ့မတူတော့ဘူး၊ လိင်ဆက်ဆံတဲ့နေရာမှာ ကိုယ်က ဘယ်လိုလူလဲဆိုတာကို သေချာသိထားရင်တော့ အကောင်းဆုံးပဲ"
"ဒါဆိုရင် ယေဘုယျအဆင့်မှာတင်ပဲ အရမ်းထူးခြားပြီးကောင်းမွန်နေမှာ၊ ပုံမှန်မဟုတ်ဘဲ ထူးခြားတဲ့နေရာလေးတွေမှာ ကျမက နေရတာကို သဘောကျတယ်၊ ခုတ်မောင်းနေတဲ့ ရထားပေါ်က အိမ်သာလိုနေရာမျိုးပေါ့၊ အဲလိုမျိုးကို ကျမအရမ်းကြိုက်တယ်" လို့ သူမက ဖွင့်ဟပြောဆိုခဲ့တာဖြစ်ပြီး အားလုံးကလည်း သူမရဲ့ ပွင့်လင်းမှုကြောင့် ကြက်သေသေခဲ့ရပါတ်။
သူတို့နှစ်ဦးမှာ ဒီနှစ်အစောပိုင်းက ပထဆုံးသားဦးလေးကို မွေးဖွားခဲ့ပြီး Ciro Romeo လို့ နာမည်ပေးခဲ့ပါတယ်။ မာတင်စ်ကတော့ နာပိုလီရဲ့ အဓိကကစားသမားတဦးဖြစ်ပြီး အသင်းသမိုင်းမှာ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ ဒီရာသီမှာလည်း သူက ၉ ဂိုးသွင်းယူပေးထားကာ ၉ ကြိမ်ဖန်တီးပေးထားပြီး စပယ်လက်တီရဲ့ အားကိုးရသူတဦးအဖြစ်ရှိနေခဲ့ပါတယ်။