ပင်နယ်တီကို ဘန်ဇီမာက ပေးကန်ခဲ့ပေမယ့် လွဲချော်ခဲ့ရပါတယ်။

ဟာဇက်ကတော့ ခြေစွမ်းပြမယ်လို့ အားခဲထားခဲ့ကာမှ ဆိုးရွားတဲ့ ကံကြမ္မာကိုပဲ ရင်ဆိုင်နေရပါတယ်။ မနေ့က ဆယ်လ်တာဗီဂိုကို ရီးရဲလ်မက်ဒရစ်က ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ဒုတိယပိုင်းမှာမှ ဟာဇက်က လူစားဝင်ကစားခဲ့ရပါတယ်။ ဂိုးပြတ်အနိုင်ရချိန်မှာ အန်ဆယ်လော့တီက သူ့ကိုထည့်သွင်းခဲ့တာဖြစ်ပြီး ဂိုးရဖို့အတွက် အကောင်းဆုံးအခွင့်အရေးကို ဟာဇက်တယောက် ရရှိခဲ့ပါတယ်။

ရီးရဲလ်တို့ ပင်နယ်တီထပ်မံရရှိခဲ့တာဖြစ်ပြီး အသင်းရဲ့ပင်တိုင်ကန်သွင်းနေတဲ့ ဘန်ဇီမာကွင်းထဲမှာ ရှိနေခဲ့ပေမယ့်လည်း အသင်းဖော်ဟာဇက်ကို ပေးကန်ခဲ့ပါတယ်။ ဘန်ဇီမာက ပထမပိုင်းမှာရရှိခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းထားခဲ့ပြီးဖြစ်ကာ အသင်းဖော်ဟာဇက်ကို ဂိုးရဖို့အတွက် သူမကန်သွင်းတော့ဘဲ ပေးကန်ခဲ့တာဖြစ်ပေမယ့် ဟာဇက်ကတော့ ပင်နယ်တီကို လွဲချော်ဖြစ်အောင် လွဲချော်ခဲ့ပြီး စိတ်ပျက်ဖွယ်ရာအခြေအနေကို ရင်ဆိုင်သွားခဲ့ရပါတယ်။

ဂိုးသမားရဲ့ ညာဘက်ထောင့်ကို ကန်သွင်းခဲ့ရာမှာ ဆယ်လတာဂိုးသမားက ပုတ်ထုတ်ခဲ့ပြီး ဘန်ဇီမာလိုက်ပိတ်သွင်းပေမယ့်လည်း ထပ်ပြီးတော့ ကာကွယ်သွားခဲ့ပါတယ်။ ရီးရဲလ်ကိုရောက်ကတည်းက ရုန်းကန်ခဲ့ရတဲ့ ဟာဇက်ဟာ ဘောလုံးရာသီ ၄ ရာသီအတွင်း လာလီဂါမှာ သွင်းဂိုး ၄ ဂိုးတည်းသာရရှိခဲ့သူဖြစ်ပါတယ်။ ချယ်လ်ဆီးမှာ ကစားတုန်းက ပရိးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမား၊ ကမ္ဘာ့အဆင့်ကစားသမားဖြစ်ခဲ့တဲ့ ဟာဇက်က လာလီဂါမှာတော့ တော်တော်လေးအခြေအနေဆိုးရွားနေခဲ့ပါတယ်။



ကိုယ့်ကိုကိုယ်ယုံကြည်မှုရအောင် ပြန်တည်ဆောက်နေရပြီး ဒဏ်ရာပြသနာတွေကလည်း ရုန်းထွက်ဖို့ အားထုတ်နေချိန်မှာ ပင်နယ်တီလွဲခဲ့တာကတော့ တော်တော်ကြီးကို ဆိုးရွားလွန်းခဲ့ပါတယ်။ ဟာဇက်ကိုယ်တိုင်လည်း စိတ်ဓာတ်ကျသွားခဲ့ပြီး သူ့ကို အားလုံးက ဝိုင်းကူညီနေပေမယ့် ကံတရားက သူ့ဘက်မှာရှိမနေခဲ့ပါဘူး။

ဒီရာသီမှာ အကောင်းဆုံးပုံစံရအောင် ကြိုးစားနေပြီး သူ့ရဲ့ဘောလုံးရာသီဖြစ်လာမယ်လို့ ကြုံးဝါးထားတဲ့ ဟာဇက်ကို အန်ဆယ်လော့တီကလည်း အခွင့်အရေးပေးမယ်လို့ ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိပုံစံအတိုင်းဆိုရင်တော့ ဟာဇက်ကို ပုံမှန်ကစားခွင့်ပေးဖို့က တော်တော်လေးခက်ခဲနေမှာဖြစ်ပြီး ဘယ်လ်ဂျီယံသားအတွက်တော့ ပိုပြိးတော့ စိုးရိမ်စရာဖြစ်လာခဲ့ပါပြီ။ 

Share

Loading Next Article...
က္က