ဆောင်းရာသီ ရောက်လာတာကြောင့် လမ်းဘေးခွေးအကောင် တစ်ထောင့်နှစ်ရာ အတွက် ခြုံထည်တွေ လိုအပ်နေတယ် လို့ အကြင်နာနှလုံးသား(Kind Heart Dogs Rescue and Shelter Yangon) ခွေးဂေဟာ ဆီက သိရပါတယ်။
"ဆောင်းတွင်းဆိုတော့ shetter တိုင်းမှာက အရမ်းအေးတယ် အရမ်းအေးတဲ့အခါကျတော့ စောင်တွေ မလုံလောက်ဘူး အဓိကလိုတာက ခွေးကောင်ရေတိုင်းကို ခြုံထည်လေးတွေ လိုတယ် အခု က ကောင်ရေ ၁၂၀၀ ပေါ့ ကောင်ရေတိုင်းကို နှစ်ဆလိုနေတာပါ ချီးပါးသေးပေါက်လျော်ရသေးတဲ့ အဲ့အခါအလှဲအလှယ်လုပ်ဖို့လိုအပ်ပါတယ်၊ " လို့ အကြင်နာနှလုံးသား ခွေးဂေဟာ ပိုင်ရှင် ဒေါ်ဝါဝါမိုး က ပြောပါတယ်။
အခုချိန်မှာ ပုံမုန်လှူတဲ့ လူက နည်းပါးတာကြောင့် စားစရိတ်အတွက်ပါ ခက်ခဲနေတာလို့ လည်း ဒေါ်ဝါဝါမိုး က ပြောပါတယ်။
ကယ်ဆယ်ထားတဲ့လမ်းဘေးခွေးတွေအတွက် တစ်ရက် ဆန် ၁၄ အိတ် ကျွေးမွေးနေတာဖြစ်ပြီးတော့ ကြောင် အကောင် ၂၀၀ အတွက်လည်း တစ်ရက် စားစရိတ် လေးသောင်းကျပ်ဖိုး ကျွေးမွေးနေတယ် လို့လည်း သိရပါတယ်။
အကြင်နာနှလုံးသား ခွေးဂေဟာကတော့ မှော်ဘီမြို့နယ် ကရင်ရေသိုးကျေးရွာ မှာရှိပြီးတော့ လမ်းဘေးခွေးတွေအပြင် ကြောင်အကောင် ၂၀၀ ကိုလည်း ကယ်ဆယ်ထားတယ် လို့ သိရပါတယ်။