ဂျော်ဂျီယာကို ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ စပိန်နဲ့ ဂျော်ဂျီယာတို့ရဲ့ ယူရိုရှုံးထွက်အဆင့်ပွဲစဉ်မှာတော့ စပိန်က ၄-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဦးဆောင်ဂိုးကို ဂျော်ဂျီယာက အရင်သွင်းခဲ့ပေမယ့် စပိန်က သက်သောင့်သက်သာနဲ့ပဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်ရရှိသွားခဲ့တာပါ။



ပထမပိုင်းမှာ တန်ပြန်တိုက်စစ်ကတစ်ဆင့် ခီလီယာရဲ့ ဖိအားပေးမှုကို နော်မန် တုံ့ပြန်ဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပါတယ်။ တကယ်တော့ ဒီဂိုးမဝင်ခင်မှာရော၊ ဂိုးဝင်ပြီးနောက်ပိုင်းမှာပါ စပိန်က ဂျော်ဂျီယာထက် ခေါင်းတစ်လုံးမကသာတဲ့ ခြေစွမ်းမျိုး၊ ကစားပုံအဆင့်အတန်းမျိုးကို ပြသခဲ့ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရပေမယ့်လည်း စပိန်တို့ မပြာသွားဘဲနဲ့ အေးအေးဆေးဆေး တုံ့ပြန်ခဲ့တာပါ။ အကျိုးဆက်အနေနဲ့ ရိုဒရီရဲ့ချေပဂိုးကို သိပ်မကြာဘဲ ပြန်ရလိုက်ပြီး စပိန်တို့ ဖိအားလျော့သွားကာ ဒုတိယပိုင်းကို စိတ်တိုင်းကျ ကစားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဖာဘီယန်ရုဇ်၊ နီကိုဝီလီယံစ်၊ အိုလ်မိုတို့ရဲ့ သွင်းဂိုးတွေ ဆက်တိုက်ရခဲ့ပြီး စပိန်တို့ ၄-၁ ဂိုးနဲ့ အနိုင်ရရှိကာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ စပိန်ကတော့ ဒီနှစ်ယူရိုမှာ တောက်လျှောက် ချန်ပီယံခြေစွမ်းကို ပြသနေပြီး အိမ်ရှင်ဂျာမနီထက်တောင် ပိုကောင်းတဲ့ ကစားပုံ၊ ခြေစွမ်းမျိုးကို ပြသထားပါတယ်။

ရာမဲလ်ကတော့ ဒီပွဲမှာလည်း ဂိုးကံပဲခေသွားခဲ့ပြီး ဂိုးဖန်တီးမှု တစ်ကြိမ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပြိုင်ဘက်ဂိုးပေါက်ကို အကြိမ်ကြိမ် ကန်သွင်းခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမား လက်စွမ်းပြတာ၊ အဆုံးသတ်ပိုင်းမှာ အားနည်းချက်တွေရှိနေတာ၊ ကံကြမ္မာက သူ့ဘက်မှာ မရှိခဲ့တာတွေကြောင့် ရာမဲလ်က ဂိုးတော့ မသွင်းနိုင်ခဲ့ပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က