မန်စီးတီးနဲ့ပွဲမှာသွင်းယူခဲ့တာပါ။

ထုံးစံအတိုင်း မက်ဆီက ညာခြမ်းကနေ ဘောလုံးဆွဲယူလာကာ ဂိုးဧရိယာထိပ်တည့်တည့်နားရောက်ချိန်မှာတော့ အသင်းဖော်ဘတ်ပီနဲ့ အပေးအယူတချက်လုပ်ကာ ပြေးရင်းလွှားရင်းနဲ့ပဲ ဘယ်ခြေနဲ့ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။


စက်တင်ဘာလ ၂၈ ရက်နေ့က ကစားခဲ့တဲ့ မန်စီးတီးနဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် အနိုင်ဂိုးတဂိုးကို မက်ဆီက သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပြင်သစ်ကလပ်က အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲဖြစ်ပြီး မက်ဆီက ဒုတိယအနိုင်ဂိုးကို ၇၄ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ အခုအခါမှာ အဆိုပါသွင်းဂိုးက ချန်ပီယံလိဂ်အုပ်စုအဆင့်ရဲ့ အကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။



ထုံးစံအတိုင်း မက်ဆီက ညာခြမ်းကနေ ဘောလုံးဆွဲယူလာကာ ဂိုးဧရိယာထိပ်တည့်တည့်နားရောက်ချိန်မှာတော့ အသင်းဖော်ဘတ်ပီနဲ့ အပေးအယူတချက်လုပ်ကာ ပြေးရင်းလွှားရင်းနဲ့ပဲ ဘယ်ခြေနဲ့ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ တော်တော်လေးလှပသလို အဆင့်အတန်းမြင့်မားတဲ့သွင်းဂိုးဖြစ်ပြီး အားလုံးရဲ့ချီးကျူးမှုတွေကိုပါ ရရှိခဲ့တာပါ။ သူ ကန်သွင်းနေကျပုံစံအတိုင်းဖြစ်ပေမယ့်လည်း ကြည့်လို့မရိုးနိုင်အောင် လှပခဲ့တာလည်းဖြစ်ပါတယ်။ 



မန်စီးတီးဂိုးသမား အီဒါဆန်ရဲ့ ဘယ်ဘက်ထောင့်ကို အမြင့်ဘောအဖြစ်နဲ့ ဝင်သွားခဲ့ပြီး ဘရာဇီးလ်သားဂိုးသမားကြီး ဘာမှမတတ်နိုင်ဘဲ လက်မှိုင်ချခဲ့ရပါတယ်။ ဒီရာသီ လီဂူးမှာလည်း အဆိုပါကန်သွင်းချက်မျိုးနဲ့ မက်ဆီက ဂိုးရရှိထားပြီး သူ့ရဲ့ပင်ကိုယ်ဟန်ကို အခုချိန်ထိ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအတွက် အမှတ်ပေးပွဲမှာ ခြေစွမ်းသိပ်မပြနိုင်သေးပေမယ့် ချန်ပီယံလိဂ်မှာတော့ ခြေစွမ်းကောင်းရရှိနေတာဖြစ်ပါတယ်။ 

မက်ဆီက အသင်းအတွက် ပြိုင်ပွဲစုံ ၁၅ ပွဲကစားပေးထားရာမှာ သွင်းဂိုး ၆ ဂီုးရရှိထားပြီး ၅ ဂိုးက ချန်ပီယံလိဂ်မှာသွင်းယူခဲ့တာဖြစ်ပါတယ်။ လီဂူးမှာတော့ ၁၀ ပွဲကစားပြီး ၁ ဂိုးတည်းသာရရှိထားသေးလို့ သူ့အတွက် ပြင်သစ်လိဂ်က အခက်အခဲတွေရှိနေတာလားလို့ ယူဆရဖို့တော့ရှိနေပါတယ်။ ဒါပေမယ့် အသင်းဖော်တွေအတွက် ဂိုးဖန်တီးပေးမှု၊ အခွင့်အလမ်းဖန်တီးပေးနိုင်မှုတွေကို မက်ဆီ ပြုလုပ်ပေးထားနိင်ပြီး ချန်ပီယံလိဂ်မှာတော့ ၅ ပွဲကစားအပြီး ၅ ဂိုးအထိရရှိထားခဲ့ပါတယ်။ 

Share

က္က