အာဆင်နယ်က အုပ်စုချောင်ခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲအပြီးမှာ သူတို့အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်နိုင်ပြီလို့ ယုံကြည်နေကြပါတယ်။ အာဆင်နယ်ဟာ ဆီဗီလာ၊ ပီအက်စ်ဗွီ၊ လန်းစ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာပါ။



ဆီဗီလာက အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် လက်ရှိရာသီမှာတော့ ရလဒ်ပိုင်းဆိုးရွားနေပြီး အာဆင်နယ်တို့ အုပ်စုဗိုလ်နေရာအထိ ရရှိနိုင်ပါတယ်။ ချန်ပီယံလိဂ်လိုအဆင့်မျိုးမှာ ဘယ်အသင်းကိုမှ လျှော့တွက်လို့ မရပေမယ့် ပီအက်စ်ဗွီ၊ လန်းစ်တို့ကလည်း အာဆင်နယ်အတွက် အရမ်းကြီးခက်ခဲနိုင်တဲ့ အနေအထားမျိုးမှာ မရှိပါဘူး။

အဲ့ဒါကြောင့်လည်း အာဆင်နယ်ပရိသတ်တွေကတော့ “အာဆင်နယ် အုပ်စုက ယူရိုပါလိဂ်အုပ်စုကြီးပဲ” “အာဆင်နယ်က ယူရိုပါလိဂ်အုပ်စုထဲ ရောက်သွားသလို ခံစားရပါတယ်” “ဒီလိုအုပ်စုမျိုးကနေ အာဆင်နယ်ထွက်လိုက်ရရင် ရှက်စရာ တော်တော်ကောင်းမှာပါ” “ဝင်ဘလေကတော့ အာဆင်နယ်ကို ကောင်းချီးပေးနေပါပြီ”

“အာဆင်နယ်တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ချန်ပီယံလိဂ်ဆုဖလားကြီး ကိုင်မြောက်နေတာကို မြင်ယောင်နေပါပြီ” လို့ အသီးသီး မှတ်ချက်ပြုခဲ့ကြပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် (၂) နေရာ ရရှိခဲ့ပြီး ဝေးကွာနေခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့တာပါ။

အာဆင်နယ်အနေနဲ့ အခု အုပ်စုအဆင့်မှာ ဥရောပရဲ့ အသင်းကြီးတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့ကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆိုရင် ဘိုင်ယန်မြူးနစ်နဲ့ အုပ်စုအဆင့်မှာ တွေ့ရင်တွေ့၊ ဒါမှမဟုတ် ရှုံးထွက်အဆင့်မှာ တွေ့ဆုံလေ့ရှိတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က