လစာငွေပါ တိုးမြှင့်ပေးချေသွားမှာပါ။

ရီးရဲလ်မက်ဒရစ်ကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့်ဗင်နီရှပ်ဂျူနီယာကို အသင်းမှာ ကာလရှည်ဆက်လက်ရှိနေစေမယ့် စာချုပ်သစ်တခုကို ချုပ်ဆိုဖို့ပြင်ဆင်နေပြီး စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁ ဘီလျံအထိ ပါဝင်မယ်လို့ စပိန်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ အသက် ၂၁ နှစ်အရွယ် ဘရာဇီးလ်သားဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်ဘက်ကို တလုံးတည်းသောအနိုင်ဂိုး သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၇ လခန့်က ပီအက်စ်ဂျီက ဗင်နီရှပ်ကို ရီးရဲလ်နဲ့ စာချုပ်သစ်မချုပ်ဖို့ပြောဆိုခဲ့ပြီး သူတို့အသင်းကိုပြောင်းရွှေ့လာမယ်ဆိုရင် တနှစ်လုပ်ခ ပေါင် ၃၄.၃ သန်းအထိ ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ဘရာဇီးလ်သားကတော့ ဘာနေဗျူးကလပ်နဲ့သာ စာချုပ်သစ်ချုပ်ဆိုချင်နေပြီး ရာသီကြိုပြင်ဆင်မှုတွေအတွက် သူ ပြန်ရောက်လာရင် အကောင်အထည်ဖော်သွားမယ်လို့ Marca က ဆိုပါတယ်။ 

ဒီလိုမျိုးစာချုပ်ချုပ်ဆိုမှုက အသင်းအတွင်းမှာ ဗင်နီရှပ်ရဲ့ လွှမ်းမိုးလာနိုင်မှုကို ထင်ဟပ်စေပြီး သူ့ကိုအသိအမှတ်ပြုတာဖြစ်တယ်လို့လည်း ရီးရဲလ်ဘုတ်အဖွဲ့က ယုံကြည်နေပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း အသင်းမှာပဲ ဆက်လက်ကစားသွားမယ်လို့ အတည်ပြုထားလို့ ရီးရဲလ်ရဲ့ စာချုပ်သစ်ချုပ်ဆိုမှုက အခက်အခဲမရှိဖြစ်နေခဲ့ပြီး အလွယ်တကူပဲ ပြီးမြောက်မှာဖြစ်ပါတယ်။ 

ဗင်နီရှပ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၅၂ ပွဲကစားခဲ့ပြီး ၂၂ ဂိုးသွင်းကာ ၂၀ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့လက်ရှိစာချုပ်ကတော့ ၂၀၂၄ အထိဖြစ်ပြီး အသင်းတွင်းမှာ လစာအနည်းဆုံးကစားသမားတွေထဲက တဦးအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ စာချုပ်သစ်မှာတော့ လစာငွေတိုးမြှင့်ရရှိဖွယ်ရှိနေကာ စာချုပ်ဖျက်သိမ်းကြေးက ဘီလျံနဲ့ချီတဲ့အထိ ရှိလာတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က