အမှတ်နဲ့ဆုံးဖြတ်ရင် လီဗာပူးနိုင်တယ်လို့ဆိုခဲ့ပါတယ်။

လီဗာပူးနောက်ခံလူဟောင်းကြီး စတိဗ်နီကိုးလ်က ပြီးခဲ့တဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲသာ လက်ဝှေ့ပွဲဖြစ်ရင်တော့ လီဗာပူးက အနိုင်ရသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နီကိုးလ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အမှတ်နဲ့တွက်ရင် လီဗာပူးနိုင်မှာဖြစ်ကြောင်း၊ လီဗာပူးက ပိုကောင်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။



နီကိုးလ်က “ကစားခဲ့တဲ့အချက်အလက်တွေအရ လီဗာပူးက အကောင်းဆုံး အသင်းတသင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ဂိုးမသွင်းနိုင်ခဲ့ဘဲ ရှုံးခဲ့ပါတယ်။ ဒီထက်ပိုပြီး ဘာမှမရှိပါဘူး။ ရီးရဲလ်မက်ဒရစ်က ကံကောင်းသွားပါတယ်။ ပွဲအပြီးမှာ အန်ဆယ်လော့တီပြောသွားတာကို ခင်ဗျား စဥ်းစားလိုက်ပါတယ်။ သူတို့က ပွဲကို ကောင်းကောင်း စီမံနိုင်ခဲ့တယ်တဲ့”

“ကျနော့်အထင် အန်ဆယ်လော့တီက သိပ်ကိုအကောင်းမြင်နေပုံပါ။ ဘာကြောင့်လဲဆိုတော့ သူ ကစားချင်တဲ့ပုံစံက ပြိုင်ဘက်ဂိုးပေါက်ကို တခါပဲတည့်အောင်ကန်၊ ကိုယ့်ဂိုးသမားက သုံးခါလောက် အံ့အားသင့်ဖွယ်ကာကွယ်ရဆိုတဲ့ ပုံစံမျိုးလား မသိပါဘူး။ ကျနော်ကတော့ သူပြောတာကို လက်မခံပါဘူး။ ကျနော်ပြောတာနားထောင်ပါ”

“တကယ်လို့သာ လက်ဝှေ့ပွဲဆိုရင်တော့ လီဗာပူးက အမှတ်နဲ့နိုင်ပါတယ်။ ဒါပေမယ့် လက်ဝှေ့ပွဲမဟုတ်ခဲ့ဘူး၊ ခင်ဗျား ဂိုးသွင်းဖို့ လိုအပ်ခဲ့တယ်၊ ဒါပါပဲ။ ရီးရဲလ်မက်ဒရစ်ကတော့ ချန်ပီယံလိဂ်ဖလားရသွားပါပြီ။ ခင်ဗျား ဒါကို ပြောင်းလဲလို့မရတော့ပါဘူး။ ဒါပေမယ့်လည်း သူတို့က ပိုကောင်းတဲ့ အသင်းမဟုတ်ပါဘူး”

“သူတို့က အကောင်းဆုံးအသင်းဆိုတဲ့ လမ်းကြောင်းကနေ သွေဖယ်သွားပါတယ်။ ဒါပေမယ့် သူတို့ လုပ်စရာရှိတာတော့ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ပရိသတ်အများစုကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးက ရီးရဲလ်မက်ဒရစ်ထက် ပိုကောင်းတယ်လို့ တထစ်ချ ယုံကြည်နေကြပါတယ်။ 

Share

Loading Next Article...
က္က