ချန်ပီယံလိဂ်ဖိုင်နယ်နဲ့ပတ်သက်လို့ ပြောကြားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဘဝမှာ ဒီလောက်အထိ မြန်မြန်ဆန်ဆန် ဖြစ်ပျက်လာမယ်လို့ မထင်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။ ရီးရဲလ်ဟာ လာမယ့် စနေနေ့မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ဒေါ့မွန်နဲ့ ကစားရမှာပါ။



ဒါဟာ ဘယ်လင်ဟမ်အတွက် ကစားသမားဘဝမှာ ပထမဆုံးသော ချန်ပီယံလိဂ်ဗိုလ်လုပွဲဖြစ်လာမှာပါ။ ဘယ်လင်ဟမ်ဟာ​ရီးရဲလ်နဲ့ ပထမဆုံးရာသီမှာတင် လာလီဂါဖလား၊ စပိန်စူပါဖလားတို့ကို ဆွတ်ခူးပြီးပါပြီ။

လက်ရှိအချိန်မှာတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားဖို့ ပြင်ဆင်နေရပြီး ဘယ်လင်ဟမ်ကတော့ အသင်းသစ်နဲ့ ပထမဆုံးရာသီမှာပဲ ဖလားသုံးလုံးနဲ့ အောင်ပွဲခံနိုင်ဖို့ ပစ်မှတ်ထားနေပါပြီ။ ဘယ်လင်ဟမ်က “ကျွန်တော် ဘောလုံးစကစားကတည်းက ချန်ပီယံလိဂ်ဖိုင်နယ်ကို ကစားဖို့ အိပ်မက်မက်ခဲ့တာပါ”

“ကျွန်တော်က ဒီအဆင့်ကို တက်ရောက်နိုင်ပြီး ဆုဖလားတွေကို ရယူနိုင်မယ်လို့ အမြဲတမ်း စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး မြန်မြန်ဆန်ဆန် ဖြစ်ပျက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့မိပါဘူး။ ကျွန်တော့်ရဲ့ အလားအလာကို သတိမထားမိခဲ့တာလည်း ဖြစ်နိုင်ပါတယ်”

“ဒီအခွင့်အရေးကို ကျွန်တော် နားလည်ပါတယ်။ လူအများကြီးက ဒီလိုပွဲမျိုး ကစားဖို့ အခွင့်အရေးမရှိပါဘူး။ ဒီအတွက် ကျွန်တော် တစ်စက္ကန့်တောင်မှ အချိန်မဖြုန်းစေချင်ပါဘူး။ နောက်ပြီး ဒါကိုလည်း အာမခံချက်တစ်ခုအနေနဲ့ သတ်မှတ်မှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က