ဗိုလ်လုပွဲမတိုင်ခင်မှာပဲ သူ့ဆန္ဒကို ပြောဆိုလိုက်တာပါ။

ဒီနှစ်ဘောလုံးရာသီရဲ့ ရာသီဝက်ကာလကမှ လီဗာပူးလ်ကိုရောက်ခဲ့ပေမယ့် အချိန်တိုအတွင်းခြေစွမ်းပြနေခဲ့တဲ့ လူးဝစ်ဒီယက်ဇ်က သူဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားဖို့ အမြဲတမ်းအိပ်မက်မက်နေခဲ့ရတာလို့ ဝန်ခံလိုက်ပါတယ်။ ဒါ့အပြင် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်လိုအသင်းနဲ့မှလည်း ရင်ဆိုင်ချင်ခဲ့တာလို့ ကိုလံဘီယာသားက ထပ်မံပြောဆိုသွားခဲ့ပါတယ်။ 

ပေါ်တိုကနေ လီဗာပူးလ်ကို ပြောင်းရွှေ့လာတဲ့ ဒီယက်ဇ်ဟာ အန်ဖီးလ်မှာ မြန်မြန်ဆန်ဆန်ပဲ ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ရဲ့ အားထားရတဲ့ အဓိကစားသမားတဦးအနေအထားကို သူက ချက်ချင်းရောက်ရှိလာခဲ့ပြီး လီဗာပူးလ်နဲ့အတူ အောင်မြင်မှုတွေပါ ရယူထားနိုင်ခဲ့ကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်အောင်လည်း ကူညီနိုင်ခဲ့ပါတယ်။ 

"ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားဖို့ ကျနော်အမြဲတမ်းအိပ်မက်မက်နေခဲ့ရတာပါ၊ အထူးသဖြင့် ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရဖို့ပေါ့၊ ကျနော်က အိပ်မက်တခုနဲ့ ရှင်သန်နေခဲ့တာပါ၊ ဒီအခိုက်အတန့်တွေကို အသုံးချပြီး ပျော်ရွှင်ချင်ပါတယ်၊ ရီးရဲလ်မက်ဒရစ်က ဘယ်လိုအသင်းလဲဆိုတာ ကျနော်သိပါတယ်၊ သူတို့မှာ အတွေ့အကြုံဘယ်လောက်ရှိလဲဆိုတာလည်း သိတယ်၊ ဘန်ဇီမာ၊ ဗင်နီရှပ်စ်နဲ့ ခရူးစ်တို့ကို ကျနော်သဘောကျတယ်"

"ဒီလိုပွဲမျိုးက တမိနစ်ချင်း၊ တမိနစ်ချင်းဆိကို ကစားသွားရမယ့် ပွဲမျိုးပါ၊ ကျနော်တို့ ရာနှုန်းပြည့်ပေးဆပ်သွားမှာဖြစ်ပြီး ကျနော့်ကို ကစားဖို့အခွင့်အရေးပေးခဲ့မယ်ဆိုရင် ကောင်းကောင်းအသုံးချသွားမှာပါ၊ အမြဲတမ်းလည်း ကျနော် အဲဒီလိုလုပ်နေခဲ့တာပါ" လို့ ဒီယက်ဇ်က ပြောဆိုခဲ့ပါတယ်။ 


ဒီပွဲကိုတော့ လာမယ့် မေလ ၂၈ ရက်နေ့မှာ ကစားတော့မှာဖြစ်ပါတယ်။ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ ပြီးခဲ့တဲ့ရာသီက ရှုံးထွက်အဆင့်တွေမှာ တွေ့ဆုံမှုမှာတော့ ရီးရဲလ်က အသာစီးရရှိထားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က