ကက်စ်မဲရိုးက ယူနိုက်တက်မှာတော့ ယူရိုပါလိဂ်ကစားရမှာပါ။

ယူနိုက်တက်ကစားသမားသစ် ကက်စ်မဲရိုးက ဥရောပဘုရင် ရီးရဲလ်မက်ဒရစ်ကနေ လက်ရှိရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့လာတဲ့အပေါ် မေးခွန်းထုတ်နေကြသူတွေကို လှလှပပ တုံ့ပြန်လိုက်ပါတယ်။ ကက်စ်မဲရိုးအတွက် ယူနိုက်တက်တို့ ယူရိုသန်း (၆၀) အသုံးပြုခဲ့ရပါတယ်။



ဒါ့အပြင် ဒီကစားသမားကို ယူနိုက်တက်တို့ တပတ်လုပ်ခ ပေါင် (၃) သိန်းခွဲပေးချေရမှာဖြစ်ပြီး အသင်းရဲ့ လုပ်ခအများဆုံး ကစားသမားတွေထဲက တယောက်ဖြစ်လာမှာပါ။ ဒီလိုမျိုး ကက်စ်မဲရိုးတို့ ယူနိုက်တက်ကို ပြောင်းလာတဲ့အပေါ်မှာ အချို့ကတော့ ယူနိုက်တက်ဘက်က လစာပိုပေးလို့၊ အသက် (၃၀) အရွယ်ဖြစ်နေတာကြောင့် ပိုက်ဆံစုဖို့ ရောက်လာတယ်လို့ ဝေဖန်နေကြပါတယ်။

ယူနိုက်တက်ကစားသမားဘဝ ပထမဆုံး အင်တာဗျူးမှာတော့ ဒီလိုမျိုးဝေဖန်သံတွေအပေါ်မှာ ကက်စ်မဲရိုးက “ကောင်းပါပြီဗျာ။ ကျနော်က ချန်ပီယံလိဂ်ဖလား ငါးကြိမ်ရပြီးပြီလေဗျာ။ ဟုတ်တယ်မဟုတ်လား” လို့ ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။ ကက်စ်မဲရိုးဟာ မိုဒရစ်၊ တိုနီကရူးစ်တို့နဲ့အတူ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ရဲ့ နာမည်ကျော် KCM အတွဲအတွက် အကောင်းဆုံး ခြေစွမ်းပြကစားခဲ့ပါတယ်။



ယူနိုက်တက်ဟာ ကာလရှည်လိုအပ်နေတဲ့ ကွင်းလယ်ခံစစ်တန်းနေရာအတွက် အသက် (၃၀) အရွယ် ကက်စ်မဲရိုးကို ခေါ်ယူလိုက်တာဖြစ်ပြီး ဒီကစားသမားက တန်ဟက်ခ်ရဲ့ ကွင်းလယ်အတွက် လိုအပ်တဲ့မာကျောမှုတွေကို ယူဆောင်ပေးလာနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါ့အပြင် ကွင်းလယ်မှာ ခြေစွမ်းပိုင်းဆိုးရွားနေတဲ့ ဖရက်ဒ်အတွက်လည်း လက်ရွေးစင်အသင်းဖော် ကက်စ်မဲရိုးရောက်လာတာက မျှော်လင့်စရာဖြစ်ခဲ့ပါတယ်။

ကက်စ်မဲရိုးဟာ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ လက်ရွေးစင်အသင်းဖော် ဖရက်ဒ်ကို ချီးကျူးခဲ့သလို အင်္ဂလိပ်လိုမပြောဆိုနိုင်သေးတဲ့အတွက်လည်း တောင်းပန်ကြောင်း၊ အင်္ဂလိပ်စကားကို သင်ယူနေကြောင်း အသိပေးပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က