လာကာဇက်က အငြင်းပွားဖွယ်ပြောကြားသွားခဲ့တာပါ။

အာဆင်နယ်တိုက်စစ်မှူး လာကာဇက်က သူ့အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားရတာကို လွမ်းဆွတ်နေပြီး ဥရောပပြိုင်ပွဲတွေမှာ တကျော့ပြန်ကစားလိုတယ်လို့ ပြောကြားလိုက်ပါတယ်။ လာကာဇက်ဟာ ရာသီကုန်မှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။



အသင်းနဲ့သူ့အကြား စာချုပ်သက်တမ်းတိုးဖို့ မရှိတော့ဘဲ လာကာဇက်ကိုခေါ်ယူဖို့ အသင်းဟောင်း လိုင်ယွန်အပြင် အခြားသော ကလပ်အသင်းတွေကလည်း ချိတ်ဆက်နေပါတယ်။ လာကာဇက်ဟာ အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခဲ့ရပေမယ့် သူ့ရဲ့ခြေစွမ်းကတော့ အားရစရာမရှိပါဘူး။

လာကာဇက်ဟာ (၂၀၂၂) နှစ်အစောပိုင်းကနေ လက်ရှိအချိန်အထိ (၁၄) ပွဲကစားပြီးပေမယ့် တဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း ချန်ပီယံလိဂ်ကစားခွင့်ရချင်တဲ့ သူ့အိပ်မက်ကို မစွန့်လွှတ်နိုင်သေးပါဘူး။

လာကာဇက်က “ကျနော် ကလပ်အသင်းပေါင်းများစွာနဲ့ ဆွေးနွေးမှုတွေရှိပါတယ်။ ကျနော် အားလုံးကို လမ်းဖွင့်ပေးထားပြီးသားပါ။ နောက်ပြီး လိုင်ယွန်က ထွက်လာတည်းက သူတို့နဲ့ အခုချိန်အထိ အမြဲတမ်း အဆက်အသွယ်ရှိနေဆဲပါပဲ။ ကျနော် တနှစ်ကို တခါ ဒါမှမဟုတ် နှစ်ခါလောက် သူတို့ဆီကို ပြန်သွားလည်ပတ်ပါတယ်”

“ဘာလို့လဲဆိုတော့ ကျနော်က အဲ့ဒီက ဆေးဝန်ထမ်းတွေနဲ့ ရင်းနှီးလို့ပါ။ ကျနော့်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်လို့ရတာကို လိုင်ယွန်ကလည်း သိပါတယ်။ သူတို့ ကျနော့်ကို ကမ်းလှမ်းဖို့ လိုအပ်ပါတယ်။ ကျနော်ကတော့ ဥရောပမှာပဲ ကစားချင်ပါတယ်”

“ကျနော် ချန်ပီယံလိဂ်မှာ မကစားရတာလည်း အတော်ကြာပါပြီ။ ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ကျနော် လွမ်းဆွတ်နေပါတယ်။ ဒါပေမယ့် ဒီအရာက အနည်းငယ်တော့ ရှုပ်ထွေးပါတယ်။ ဘဝမှာ မဖြစ်နိုင်တာ ဘာမှမရှိပေမယ့် ဒီကိစ္စကတော့ အနည်းငယ်ရှုပ်ထွေးနေတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က