သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက မေးခွန်းပြန်ထုတ်သွားတာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရတဲ့နောက် အသင်းရဲ့စိတ်ပိုင်းဆိုင်ရာကို ဝေဖန်မှုတွေရှိနေတဲ့အပေါ် ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ မန်စီးတီးဟာ နှစ်ကျော့ပေါင်း ၆-၅ ဂိုးနဲ့ ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရတာပါ။



မန်စီးတီးဟာ ပထမအကျော့အိမ်ကွင်းမှာ ၄-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယအကျော့မှာလည်း မာရက်ဇ်ရဲ့ သွင်းဂိုးနဲ့ ပွဲပြီးခါနီးအထိ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် မိနစ် (၉၀) နဲ့ (၉၁) မိနစ်မှာ ရိုဒရီဂိုက နှစ်ဂိုးဆက်တိုက်ပြန်သွင်းပြီး အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ ရိုဒရီဂိုရဲ့ သွင်းဂိုးနှစ်ဂိုးက (၄၅) စက္ကန့်သာ ခြားပါတယ်။

အချိန်ပိုမှာတော့ ဘန်ဇီမာက ရီးရဲလ်မက်ဒရစ်အတွက် အနိုင်ဂိုးကို ပင်နယ်တီကတဆင့် သွင်းယူပေးခဲ့တာကြောင့် မန်စီးတီးတို့ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပါတယ်။ ဒီပွဲမှာ မန်စီးတီးကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ခံယူချက်အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။

တဂိုးပေးရပြီးချိန်တိုင်းမှာ မန်စီးတီးကစားသမားတွေက ပြန်လာဖို့ လုံလောက်တဲ့ စိတ်ဓာတ်ခွန်အားကို မပြသနိုင်ဘူးလို့ ဝေဖန်နေကြတာပါ။ ဒါပေမယ့် ဂွါဒီယိုလာက “စိတ်ပိုင်းဆိုင်ရာအတွက် အချိန်မရှိပါဘူး။ ရိုဒရီဂိုရဲ့ ပထမဂိုးသွင်းပြီး (၄၅) စက္ကန့်အကြာမှာပဲ နောက်တဂိုးရသွားတာပါ။ အထိုင်ကျဖို့ အချိန်မရှိပါဘူး”



“ကျနော်တို့ ပြန်လည်ခွဲခြမ်းစိတ်ဖြာတဲ့အချိန်မှာ ရလဒ်က ဒါပါပဲ။ ခင်ဗျားသာဆိုရင်ရော ဒါကို ဘယ်လိုချုပ်ထိန်းမလဲ။ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ... ဟုတ်ပြီ။ သူတို့ အဲ့ဒီအချိန်မှာ ဘယ်လိုခံစားနေရလဲ ကျနော့်ကိုပြောလေ။ ကျနော်ကတော့ သူတို့ရှုံးချင်မယ်မထင်ပါဘူး။ ဘောလုံးလောကမှာ ဒါမျိုးကဖြစ်တတ်ပါတယ်။ ဒါကို လက်ခံရမှာပါ”

“ကစားသမားတွေကို အချိန်နဲ့အမျှ ဂိုးသွင်းနိုင်ရမယ်လို့ ကျနော်တို့ မှာခဲ့ပါတယ်။ ဒီကစားသမားအစုအဖွဲ့နဲ့ နည်းပြက ချန်ပီယံလိဂ်ဖလားကို မဆွတ်ခူးနိုင်ရင် ကျရှုံးမှုပဲလို့ လူတွေက ပြောနေကြတာလား? ကျနော်ကတော့ လုံးဝကို သဘောမတူနိုင်ဘူးဗျာ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က