အဲဗာတန်က ဂေါ်ဒွန်ရဲ့တလုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

အဲဗာတန်က တန်းဆင်းဇုန်အန္တရာယ်ကြောင့် ဒီပွဲမှာ ထပ်ရှုံးလို့မရတော့ဘဲ ယူနိုက်တက်ကို အသည်းအသန် တုံ့ပြန်ခဲ့ပါတယ်။ တိုက်စစ်မှာ ရစ်ချာလီဆန်၊ ကဲလ်ဗတ်လီဝင်တို့ပါဝင်ခဲ့ပြီး ဗန်ဒီဘိခ်ကလွဲရင် အီဝိုဘီ၊ ဒဲလ်ဖ်၊ မိုက်ကယ်ကင်း၊ ကိုးလ်မန်း၊ ပစ်ဖို့ဒ်တို့နဲ့ လူစုံခဲ့ပါတယ်။



ယူနိုက်တက်ကတော့ ဒီပွဲမှာ ရပ်ရှ်ဖို့ဒ်နဲ့ ရော်နယ်ဒိုတိုက်စစ်မှာ ပွဲထွက်လာခဲ့ပြီး ဆန်ချို၊ ဘရူနိုဖာနန်ဒက်စ်၊ မာတစ်၊ ဖရက်ဒ်၊ အဲလက်စ်တဲလက်စ်၊ မက်ဂွိုင်းရား၊ လင်ဒီလော့ဖ်၊ ဝမ်ဘစ်ဆာကာ၊ ဒီဂီယာတို့ ပါဝင်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ ယူနိုက်တက်တို့ အဲဗာတန်ကို ဖိအားပေးခြိမ်းခြောက်နိုင်ခဲ့ပြီး ရပ်ရှ်ဖို့ဒ်ရဲ့ အပိုင်ဂိုးသွင်းခွင့်တွေကို ပစ်ဖို့ဒ်ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် မထင်မှတ်ဘဲ ပွဲကစားချိန် (၂၆) မိနစ်မှာ အဲဗာတန်တို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဂေါ်ဒွန်ရဲ့ကန်ချက်က မက်ဂွိုင်းရားနဲ့ ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့် ဒီဂီယာလည်း ဘာမှမတတ်နိုင်ခဲ့ပါဘူး။ အဲဗာတန်တို့ နောက်ထပ်ဦးဆောင်ဂိုးထပ်ရဖို့ နီးစပ်ခဲ့ပေမယ့် ဒီတကြိမ်မှာတော့ ဒီဂီယာ လက်စွမ်းပြခဲ့ပါတယ်။

ပထမပိုင်းမပြီးခင်မှာတင် ဖရက်ဒ်နေရာကို ပေါ့ဘာဝင်ကစားခဲ့ပြီး ဒုတိယပိုင်းမှာလည်း အီလန်ဂါ၊ မာတာတို့ ဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်တို့ ချေပဂိုးရဖို့အတွက်၊ အခွင့်အရေးဖန်တီးနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ ရော်နယ်ဒိုရဲ့ နောက်ဆုံးမိနစ် အပိုင်ကန်ချက်ကလည်း ပစ်ဖို့ဒ်နဲ့ထိထွက်ခဲ့တာကြောင့် ယူနိုက်တက်တို့ အဝေးကွင်းမှာ တလုံးတည်းသောဂိုးနဲ့ ရှုံးပွဲကြုံခဲ့ရပါတယ်။ အဲဗာတန်ကတော့ ဒီနိုင်ပွဲကြောင့် ပွဲကျပ်တွေများနေတဲ့ တန်းဆင်းဇုန်တိုက်ပွဲအတွက် ယုံကြည်မှုပိုရှိလာခဲ့မှာပါ။

ယူနိုက်တက်အတွက်ကတော့ ဒီခြေနဲ့ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ကို မေ့ထားလိုက်တာကသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူးတို့နဲ့ လက်ကျန်ပွဲတွေရှိနေသေးတာကြောင့်လည်း လက်ရှိအခြေအနေအရ ယူနိုက်တက်တို့ ဘာဆိုဘာမှကို မျှော်လင့်နိုင်စွမ်းမရှိတော့တာ သေချာပါတယ်။ 

Share

Loading Next Article...
က္က