ပီအက်စ်ဂျီအသင်းတွက် နောက်ထပ်တစ်ကြိမ် စိတ်ပျက်စရာ ဥရောပညတစ်ညဖြစ်ခဲ့ပြန်တာဖြစ်ပါတယ်။

ဆာဂျီယို ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းက ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကနေ နောက်ထပ်တစ်ကြိမ် ထွက်ခဲ့ရပြီးနောက် ဒေါသတကြီး ဆဲဆိုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

လီဂူးဝမ်း ချန်ပီယံတွေဟာ အဲလီးယန့်ဇ် ကွင်းကို ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပထမအကျော့အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို ပြောင်းပြန်လှန်နိုင်ဖို့ ရည်မှန်းခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ချူပို မိုတင်းနဲ့ ဂနာဘရီတို့က ဘိုင်ယန်မြူးနစ်အသင်းကို ၂ ကျော့ပေါင်း ၃-၀ နဲ့ သက်တောင့်သက်သာ နိုင်ပွဲရရှိအောင် ဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပြီး ပီအက်စ်ဂျီအသင်းတွက် နောက်ထပ်တစ်ကြိမ် စိတ်ပျက်စရာ ဥရောပညတစ်ညဖြစ်ခဲ့ပြန်တာဖြစ်ပါတယ်။



ရာမို့စ်ရဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ပွဲပြီး အင်တာဗျူးဗီဒီယိုဖိုင်ဟာ ထွက်ပေါ်လာခဲ့ပြီး ကင်မရာတွေက ဒေါသထွက်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟောင်းကို ရိုက်ကူးနေချိန်မှာ စပိန်ဝါရင့်နောက်ခံလူက လီဂူးဝမ်းချန်ပီယံတွေဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ကို နောင်တကြီးစွာနဲ့ ဆဲဆိုခဲ့ပုံပေါ်ခဲ့တာ ဖြစ်ပါတယ်။ "ပဲရစ်ကို မွေးဖွားခဲ့တဲ့ မိန်းမပျက်ကို ဖာ့ခ်ပဲ။ မအလ"လို့ ပြောကြားခဲ့တာဖြစ်ပြီး ရာမို့စ်ရဲ့ပြောဆိုမှုက ဘာကို ရည်ညွှန်းလဲဆိုတာ မသိရပေမယ့်လည်း ရီးရဲလ်မက်ဒရစ်နဲ့တူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အထိ ရယူနိုင်ခဲ့တဲ့ စပိန်နောက်ခံလူအတွက်တော့ ၁၆ သင်းရှုံးထွက်အဆင့်လောက်ကနေ ထွက်ခဲ့ရတာက ဘယ်လိုမှ လက်မခံနိုင်စရာဖြစ်ခဲ့တာ သိသာပါတယ်။

Share

Loading Next Article...
က္က