ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ နာပိုလီတို့ထဲမှာ နာပိုလီကလွဲရင် ကျန်တဲ့အသင်းတွေ ပွဲကြပ်ခဲ့တာဖြစ်ပါတယ်။

ဘောလုံးပရိသတ်တွေဟာ အီတလီအသင်းတွေဟာ အလွန်ကောင်းမွန်တဲ့ မဲခွဲရလဒ်ကို ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်မဲခွဲမှုတွေဟာ အကြံအဖန်လုပ်ထားတာလို့ ထင်မြင်နေကြပါတယ်။

ဟာမစ် အယ်လ်တင်တော့နဲ့ ပက်ထရစ် ကလွိုက်ဗက်တို့ဟာ ကွာတားဖိုင်နယ်အဆင့်အတွက် ကျန်ရှိနေတဲ့ ၈ သင်းကို ဘယ်အသင်းနဲ့ တွေ့ဆုံရမလဲဆိုတာကို အဆုံးအဖြတ်ပေးဖို့ အိုးထဲကနေ ဘောလုံးတွေကို ကောက်ယူဖို့ တာဝန်ပေးအပ်ခံခဲ့ရတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလို့ယူဆခြင်းခံထားရတဲ့ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ နာပိုလီတို့ထဲမှာ နာပိုလီကလွဲရင် ကျန်တဲ့အသင်းတွေ ပွဲကြပ်ခဲ့တာဖြစ်ပါတယ်။



မန်ချက်စတာစီးတီးပရိသတ်တွေဟာ အင်္ဂါနေ့ကမှ ဂျာမန်ကလပ်အသင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပေမယ့်လည်း ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံခဲ့တာကြောင့် မကျေမနပ်ဖြစ်ခဲ့ကြတာဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်မှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံကောင်း တွေ့ဆုံနိုင်တာကို သိခဲ့ရတာကြောင့် ပိုလို့တောင် ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။



ရီးရဲလ်မက်ဒရစ်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ချဲလ်ဆီးနဲ့ တွေ့ဆုံရင်ဆိုင်ပြီး ဥရောပချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်တာကြောင့် ကျန်တဲ့အသင်းတွေဖြစ်တဲ့ အင်တာမီလန်ဟာ ဘင်ဖီကာ၊ စီးရီးအေအမှတ်ပေးဇယားဦးဆောင်သူ နာပိုလီအသင်းက အေစီမီလန်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

 

ဆီမီးဖိုင်နယ်မဲခွဲရလဒ်ဟာ အီတလီတစ်သင်းက ကျိန်းသေပေါက် ဆီမီးဖိုင်နယ်အဆင့်ထဲမှာ ရှိနေမယ်လို့ အာမခံချက်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့လည်း အခွင့်အရေး ပိုမိုရရှိနေတာကြောင့် ပရိသတ်တွေက တိုက်ဆိုင်မှုလို့ မယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။

 

“သူတို့တွေက စီးရီးအေကလပ်အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တိုက်ရိုက်မပို့ရုံတမည်ပဲ။ အဲဒါက လုပ်ကြံထားတာမဟုတ်ဘူးလို့ ငါ့ကို ပြောစမ်းပါ”လို့ ဘင်ဖီကာက ပေါ်တူဂီက အသင်းဆိုတာ မေ့နေတာဖြစ်ကောင်းဖြစ်နိုင်တဲ့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “နေစမ်းပါဦး။ အေစီ၊ နာပိုလီ၊ အင်တာ၊ ဘင်ဖီကာတို့ထဲက တစ်သင်းသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားဖို့ အခွင့်အရေးရှိတယ်လို့ ပြောနေတာလား။ ဝိုး လုပ်ကြံချက်ကြီးက သိသာလွန်းတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က