သိသိသာသာကို မှားယွင်းနေခဲ့တာပါ။

ဒီနေ့ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲပွဲမှာတော့ အငြင်းပွားစရာတွေဖြစ်လာခဲ့ပါပြီ။ ဆွစ်ဇာလန်မှာပြုလုပ်ခဲ့တဲ့ ဒီအခမ်းအနားမှာ မဲခွဲဖို့အတွက် အာဆင်နယ်ကစားသမားဟောင်းအာရှာဗင်က တာဝန်ယူပေးခဲ့ပြီး ရွေးချယ်ပေးခဲ့ရာမှာ အမှားအယွင်းတွေရှိခဲ့တယ်လို့ သိရပြီး ပရိသတ်တွေကြား အငြင်းပွားနေပြီဖြစ်ပါတယ်။ 

စည်းမျဉ်းအရ အုပ်စုအဆင့်မှာရင်ဆိုင်ခဲ့ဖူးတဲ့အသင်းတွေ၊ တနိုင်ငံတည်းအသင်းတွေ မတွေ့ဆုံရဆိုတဲ့အချက်ရှိနေခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ဗီလာရီးရဲလ်တို့ဟာ အုပ်စုတွင်းမှာ တအုပ်စုတည်းကျရောက်ခဲ့ကြပေမယ့် တကယ်တမ်းမဲခွဲခဲ့ရာမှာတော့ သူတို့နှစ်သင်းပြန်လည်ဆုံတွေ့ခဲ့ကြလို့ နောက်တစ်ကြိမ်ပြန်ပြီး မဲနှိုက်ခဲ့ရပါတယ်။ ဒါဟာ မဲအိုးအတွင်း ဘောလုံးထည့်သွင်းမှုမှားယွင်းခဲ့တာကြောင့်ဖြစ်ပြီး တကယ်ဆိုရင် သူတို့နှစ်သင်း တွေ့ဆုံစရာလမ်းမရှိတဲ့ မဲအိုးတွေထဲမှာ ဘောလုံးထည့်ခဲ့ရမှာဖြစ်ပါတယ်။ 

နောက်ထပ်မှားယွင်းခဲ့တာကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းနာမည်ကို ကြေညာလိုက်ချိန်မှာဖြစ်ပြီး တဖက်မဲအိုးအတွင်းမှာ ယူနိုက်တက်အသင်းနာမည်ရေးထားတဲ့ ဘောလုံးမပါဝင်ခဲ့ဘဲ တအုပ်စုတည်းက လီဗာပူးလ်အသင်းကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ မဲနှိုက်ချိန်မှာတော့ အက်သလက်တီကိုမက်ဒရစ်က ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမယ်လို့ အတည်ပြုလိုက်ရတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အက်သလက်တီကိုက ဒါဟာမသမာမှုဖြစ်တယ်လို့ ယူဆပြီး စောဒကတက်ကာ မဲပြန်နှိုက်ပေးဖို့ တောင်းဆိုထားပါတယ်။



UEFA အနေနဲ့လည်း ဒီကိစ္စကို ပြန်လည်ဆွေးနွေးနေရပြီး မဲပြန်နှိုက်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အက်သလက်တီကိုအသင်းနဲ့ တွေ့ရမယ့် အုပ်စုပထမအသင်းတွေရဲ့ မဲအိုးထဲမှာ ယူနိုက်တက်မပါဝင်ခဲ့တာ၊ ယူနိုက်တက်နဲ့ ဗီလာရီးရဲလ်တို့ ဘယ်လိုမှ မတွေ့ရမယ့်နေရာမှာ တွေ့ဖြစ်စေအောင် မဲအိုးမှားထည့်တာတွေက ဒီအခမ်းအနားမှာ မှားယွင်းမှုတွေဖြစ်ခဲ့တယ်ဆိုတာ အထင်အရှားရှိနေခဲ့ပြီး ပီအက်စ်ဂျီ-ယူနိုက်တက် တွေ့ဆုံအောင် တမင်လုပ်ခဲ့သလားလို့ ထင်မှတ်နေရပြီဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က