ဒေါ့မွန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက အသင်းအနေနဲ့ ဒေါ့မွန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ သင်ခန်းစာ ရရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒီပွဲမှာ ဧည့်သည် ဒေါ့မွန်က နမ်ချာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဒါဟာ နယူးကာဆယ်အတွက် ဒီရာသီ ပထမဆုံးသော ချန်ပီယံလိဂ် ရှုံးပွဲဖြစ်ခဲ့ပါတယ်။ နယူးကာဆယ်ဟာ ဒေါ့မွန်နဲ့ မတွေ့ခင်မှာ အေစီမီလန်ကို သရေ၊ ပီအက်စ်ဂျီကို ဂိုးပြတ် အနိုင်ကစားနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒေါ့မွန်နဲ့အတွေ့မှာတော့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး ဒီပွဲရလဒ်က ဒေါ့မွန်အတွက် ဒီရာသီ ပထမဆုံးသော ချန်ပီယံလိဂ်နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အသင်းရဲ့ ချန်ပီယံလိဂ်ရှုံးပွဲနဲ့ ပတ်သက်လို့တော့ အက်ဒီဟိုဝီက ပွဲအပြီးမှာ အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။ အက်ဒီဟိုဝီက “ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံမှာ လုံးဝမရှိခဲ့ပါဘူး”
“ဒီပြိုင်ပွဲမှာ ဒါက သင်ခန်းစာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ပွဲလိုချင်တယ်ဆိုရင် အကောင်းဆုံးပုံစံ ပြသနိုင်ရပါမယ်။ ဒါက အဆင့်အတန်းမြင့်တဲ့ ပြိုင်ပွဲဖြစ်ပြီး အမှားသေးသေးလေးကအစ ခင်ဗျားကို အပြစ်ပေးနိုင်ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ အမှားတစ်ခုပဲ လုပ်ခဲ့ပြီး စက္ကန့်ပိုင်းအကြာမှာတော့ ဂိုးပေးလိုက်ရပါတယ်”
“ထိပ်တန်းအဆင့်ရှိတဲ့ အသင်းတွေနဲ့ ရင်ဆိုင်တဲ့အခါမှာ ဘယ်လိုမျိုး ကွာခြားသွားလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အတွက် သင်ခန်းစာပါ။ ခင်ဗျားရဲ့ အကောင်းဆုံးပုံစံကနေ ကျဆင်းသွားတယ်ဆိုတာနဲ့ ရလဒ်ကောင်းတစ်ခုရဖို့ ခက်ခဲသွားပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က