ဘိုင်ယန်မြူးနစ်အသင်းကတော့ ၁၈ ရာခိုင်နှုန်းနဲ့ ဒုတိယအခွင့်အရေးအကောင်းဆုံးအသင်းဖြစ်နေတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလား အနိုင်ရရှိသူတွေဟာ အခက်ခဲဆုံး မဲခွဲရလဒ်ထွက်ခဲ့တဲ့အသင်းတွေထဲကနေ ထွက်ပေါ်လာမှာဖြစ်တယ်လို့ စူပကွန်ပျူတာက ဟောကိန်းထုတ်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေ ပြီးဆုံးခဲ့ပြီးနောက် သောကြာနေ့မှာ ကွာတားဖိုင်နယ်အဆင့်နဲ့ ဆီမီးဖိုင်နယ်အဆင့်အတွက် မဲခွဲခဲ့ပြီး လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်က မန်စီးတီး၊ ဘိုင်ယန်မြူးနစ်တို့နဲ့အတူ ကျရောက်ခဲ့တာကြောင့် တစ်သင်းနဲ့တစ်သင်း ရင်ဆိုင်ရနိုင်ခြေရှိနေတာဖြစ်ပါတယ်။

 

ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ၃ သင်းနဲ့ ၂၀၂၁ ခုနှစ်တုန်းက ဥရောပချန်ပီယံဖြစ်ခဲ့တဲ့ ချဲလ်ဆီးအသင်းက ပူးပေါင်းခဲ့ပြီး တစ်ဖက်မှာတော့ အီတလီ ၃ သင်းနဲ့ ပေါ်တူဂီ ၁ သင်းက ရှိနေတာ ဖြစ်ပါတယ်။ နာပိုလီ၊ အင်တာ၊ အေစီ၊ ဘင်ဖီကာတို့အတူတူ ကျရောက်နေတာကြောင့် အနည်းဆုံး တစ်သင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အာမခံချက်ရှိနေပြီး ဗိုလ်လုပွဲတက်ရောက်ဖို့လည်း ၃ လေး ၄ လေး အခွင့်အရေးရှိနေတာဖြစ်ပါတယ်။


အဲဒါကြောင့်ပဲ ပရိသတ်အချို့ဟာ ချန်ပီယံလိဂ်မဲခွဲပွဲဟာ စီးရီးအေအသင်းတွေအတွက် လုပ်ကြံဖန်တီးထားခဲ့တာလို့ စွပ်စွဲခဲ့ကြတာဖြစ်ပြီး အီတလီအသင်းတွေဟာ ၂၀၁၀ ခုနှစ်တုန်းက မော်ရင်ညို လက်အောက် အင်တာမီလန်အသင်း ဗိုလ်စွဲပြီးနောက်ပိုင်းကတည်းက ချန်ပီယံလိဂ်ဖလား မရရှိတော့တာဖြစ်ပါတယ်။

 

မန်ချက်စတာစီးတီးအသင်းကတော့ ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ နောက်ဆုံး ချန်ပီယံလိဂ် အနိုင်ရရှိခဲ့သူ ၃ သင်းထဲက ၂ သင်းကို ကျော်ဖြတ်ရမှာဖြစ်ပြီး ဥရောပဖလားကို တစ်ကြိမ်မှ မရရရှိခဲ့ဖူးတာကြောင့် ကျန်တဲ့အသင်းတွေအားလုံးထက် အနိုင်ရနိုင်ခြေ ၁၀ ရာခိုင်နှုန်း ပိုမို များပြားနေတာဖြစ်ပါတယ်။

 

အချက်အလက် လေ့လာဆန်းစစ်သူ FiveThirtyEight ရဲ့ ဖော်ပြချက်အရ ဂွါဒီယိုလာရဲ့အသင်းဟာ ချန်ပီယံလိဂ်ဖလားကို အနိုင်ရရှိဖို့ ၂၈ ရာခိုင်နှုန်း အခွင့်အရေးရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ ၁၈ ရာခိုင်နှုန်းနဲ့ ဒုတိယအခွင့်အရေးအကောင်းဆုံးအသင်းဖြစ်နေတာဖြစ်ပါတယ်။

 

စိတ်ဝင်စားစရာကောင်းစွာနဲ့ပဲ နာပိုလီအသင်းက ၁၇ ရာခိုင်နှုန်းနဲ့ တတိယအခွင့်အရေးအကောင်းဆုံးအသင်းဖြစ်နေပေမယ့်လည်း ဗိုလ်လုပွဲတက်ရောက်နိုင်မယ့် အခွင့်အရေးမှာတော့ မန်စီးတီးက ၄၀ ရာခိုင်နှုန်းပဲ ရှိနေချိန်မှာ စီးရီးအေကလပ်အသင်း ၄၃ ရာခိုင်နှုန်းအထိ ရှိနေတာဖြစ်ပါတယ်။

 

FiveThirtyEight ရဲ့ တွက်ချက်မှုဟာ တစ်သင်းချင်းစီရဲ့ ဘက်ပေါင်းစုံ အားသာချက်၊ မျှော်မှန်းသွင်းဂိုး၊ ပေးဂိုးတွေအပေါ်မှာ မူတည်ပြီး တွက်ချက်ထားတာဖြစ်ပြီး နာပိုလီရဲ့ ဆီမီးနဲ့ ဖိုင်နယ်တက်ဖို့ အခွင့်အရေးမြင့်မားနေမှုက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့်သတ်မှတ်ချက် အနိမ့်ဆုံး အေစီမီလန်နဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ဖြစ်ပါတယ်။

Share

Loading Next Article...
က္က