နောက်ဆုံးမိနစ် ချေပဂိုးကို သွင်းယူပေးခဲ့တာပါ။

လာဇီယိုဂိုးသမား အိုင်ဗန်ပရိုဗီဒယ်လ်ဟာ အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲဦးထွက်မှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ဂိုးသမားတစ်ယောက်အတွက်တော့ ကြုံတောင့်ကြုံခဲ ဂုဏ်ယူစရာ အခိုက်အတန့်လည်းဖြစ်ခဲ့ပါတယ်။



ဒီပွဲမှာ အိမ်ရှင် လာဇီယိုက ဒုတိယပိုင်း ပွဲကစားချိန် မိနစ် (၉၀) ရဲ့ အချိန်ပို (၅) မိနစ်အထိ ၀-၁ ဂိုးနဲ့ အရေးနိမ့်နေခဲ့တာပါ။ ဒါပေမယ့် ပရိုဗီဒယ်လ်က ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ အခုလိုပဲ အသင်း ချေပဂိုးရရှိဖို့ ရှေ့ထိတက်ကြိုးစားခဲ့ပါတယ်။

ဒီလိုမျိုး ကြိုးစားရင်းကနေပဲ ပရိုဗီဒယ်လ်က အသင်းအတွက် အဖိုးတန်ချေပဂိုးကို ခေါင်းတိုက်သွင်းယူပေးနိုင်ခဲ့တာပါ။ ပရိုဗီဒယ်လ်ဟာ ဂိုးသွင်းပြီးတဲ့နောက်မှာ ဘယ်လိုမျိုး အောင်ပွဲခံရမယ်ဆိုတာကို သိရှိဟန်မတူဘဲ ကွင်းလယ်စည်းကိုသာ ပြန်ပြေးလာခဲ့ပြီး လာဇီယိုနည်းပြအဖွဲ့ကတော့ ပရိုဗီဒယ်လ်နဲ့အတူ ကွင်းအတွင်း ဝင်ရောက်အောင်ပွဲခံခဲ့ပါတယ်။

ပရိုဗီဒယ်လ်ဟာ ဒီသွင်းဂိုးကြောင့် ပြီးခဲ့တဲ့ (၂၀၁၀) နောက်ပိုင်း ချန်ပီယံလိဂ်မှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ဂိုးသမားဖြစ်လာခဲ့ပါတယ်။ (၂၀၁၀) မှာ ဟာပိုးလ်တဲလ်အဗစ် ဂိုးသမား အန်ယီမာက လိုင်ယွန်ဘက်ကို ဂိုးသွင်းယူနိင်ခဲ့တဲ့နောက် ချန်ပီယံလိဂ်မှာ ဂိုးသွင်းယူနိုင်တဲ့ ဂိုးသမားက အခု ပရိုဗီဒယ်လ် မပေါ်လာခင်အထိ ပျောက်ဆုံးခဲ့တာပါ။

ထူးခြားမှတ်တမ်းတစ်ခုအနေနဲ့ ဟန်းစ်ဂျော့ဘတ်ဆိုတဲ့ ဂိုးသမားဟာ ချန်ပီယံလိဂ်မှာ မတူညီတဲ့ ဂျာမန်ကလပ် သုံးသင်းအတွက် ဂိုးသွင်းယူထားတဲ့ စံချိန်ကို ရရှိထားပါတယ်။ 

Share

Loading Next Article...
က္က