ပဲရစ်မှာ ဆက်နေသွားမယ်လို့ ယုံကြည်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။

စပိန်ဂျာနယ်လစ် ဂီလန် ဘာလာဂေးက အယ်လ် ဟီလာလ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ လီယွန်နယ် မက်ဆီရဲ့ သတင်းတွေကို ငြင်းပယ်ခဲ့ချိန်မှာ အယ်လ် နက်ဆာကို ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်လ်ဒိုကို သွယ်ဝိုက်ဝေဖန်သလိုဖြစ်ခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၃ သန်းဝန်းကျင်ရရှိမယ့် ၂ နှစ်ခွဲစာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး အယ်လ် ဟီလာလ်အသင်းဟာ ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးက အယ်လ် နက်ဆာကို ပြောင်းရွှေ့ခဲ့ပြီးကတည်းက လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပိန်ဂျာနယ်လစ်က လီယွန်နယ် မက်ဆီဟာ ကြီးမားတဲ့ရည်မှန်းချက်ရှိသူဖြစ်ပြီး ဆော်ဒီ အာရေဗျကလပ်အသင်းဆီက ကမ်းလှမ်းမှုလည်း ရရှိခဲ့ခြင်းမရှိဘူးလို့ BBC ကို ပြောကြားခဲ့ပါတယ်။

"သူက ဘလွန်ဒေါဆုရဖို့ ရေပန်းအစားဆုံးပါ။ သူက ချန်ပီယံလိဂ်ပြိုင်ပွဲထဲမှာ ကစားနေရတုန်းပါ။ ကမ္ဘာ့ဖလားအနိုင်ရရှိခဲ့ပြီးနောက် သူ့မှာ ကြီးမားတဲ့ ပစ်မှတ်တွေ ရှိပါတယ်။ သူ့ကို အယ်လ် ဟီလာလ်က ဒီကမ်းလှမ်းမှုတွေနဲ့ ချဉ်းကပ်ဖို့ဆိုတာ အဓိပ္ပာယ်မရှိတာတင်မကဘဲ ကမ်းလှမ်းမှုတွေလည်း မရှိပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

ဘလွန်ဒေါဆုကို ၈ ကြိမ်မြောက် စံချိန်တင် ရရှိဖို့အတွက် စောစောစီးစီး ရေပန်းအစားဆုံးဖြစ်နေတဲ့ လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆ လထဲကို ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း စာချုပ်သက်တမ်းတိုးပြီး ပဲရစ်မှာ ဆက်နေသွားမယ်လို့ ယုံကြည်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က