Sky Sports ရဲ့ သုံးသပ်ဝေဖန်သူတဦးဖြစ်တဲ့ အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆွန်ကတော့ ချန်ပီယံလိဂ်မှာ ချယ်လ်ဆိးကို အသင်းတော်တော်များများက ရင်မဆိုင်ချင်တော့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးရဲ့ လက်ရှိခြေစွမ်းတွေအပေါ်မှာ ပေါလ်မာဆွန်က အထင်ကြီးနေပြီး ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးကလွဲရင် ကျန်အသင်းတွေက သူတို့ကို ကြောက်ရွံ့နေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
ချယ်လ်ဆီးကလည်း ရလဒ်တွေဆိုးရွားခဲ့ပြီးနောက်မှာ နိုင်ပွဲတွေဆက်တိုက်ပြန်ရနေပြီး ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ပေါလ်မာဆွန်က ကိုင်ဟာဗက်ဇ်ကိုလည်း ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး လက်စတာနဲ့ပွဲက သွင်းဂိုးအတွက်လည်း ဂုဏ်ပြုစကားဆိုသွားခဲ့ပါတယ်။
"ချယ်လ်ဆီးက အန္တရာယ်ကြီးမားတဲ့ သားရဲတကေင်ပါ၊ သူတို့မှာ မယုံကြည်နိုင်အောင်ကောင်းတဲ့ ကစားသမားတွေရှိနေပြီး သူတို့ click လုပ်ဖို့ပဲ လိုတာပါ၊ ကိုင်ဟာဗက်ဇ်က ဒီရာသီရဲ့ အကောင်းဆုံးသွင်းဂိုးတဂိုးကို လက်စတာနဲ့ပွဲမှာ သွင်းယူခဲ့ပါတယ်၊ ဂရေဟမ်ပေါ်တာက သုံးယောက်တန်းခံစစ်ကို ပြောင်းလဲခဲ့ပြီး အဲဒါက အလုပ်ဖြစ်နေပါတယ်"
"သူ့အတွက် တော်တော်လေးအချိန်ယူခဲ့ရပေမယ့် လေးယောက်တန်းခံစစ်ထက် အခုက ပိုပြီးတော့ ကောင်းနေတာပါ၊ ရီဆီဂျိမ်းစ်ပြန်ကစားနိုင်ချိန်မှာ ချီဝဲလ်နဲ့အတူ အကောင်းဆုံးပုံစံကို ရနေတယ်၊ သူတို့နှစ်ယောက်က တိုက်စစ်မှာ အရမ်းကောင်းတဲ့ ကစားသမားတွေပါပဲ၊ ချန်ပီယံလိဂ်မှာ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်ကလွဲရင် အသင်းတော်တော်များများက ချယ်လ်ဆီးနဲ့ ရင်ဆိုင်ချင်မှာမဟုတ်ပါဘူး"
"အဲဒီနှစ်သင်းနဲ့သာ မတွေ့ခဲ့ဘူးဆိုရင် ချယ်လ်ဆီးက ဆီမီးဖိုင်နယ်ကိုပါ တက်ရောက်နိုင်ပါလိမ့်မယ်" လို့ ပေါလ်မာဆွန်က Sky Sports က သူ့ရဲ့ ကဏ္ဍမှာ ရေးသားခဲ့ပါတယ်။ သူ ပြောသလိုပဲ ချယ်လ်ဆီးက လုပ်ပြနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါ။