ယူနိုက်တက်အတွက် ချန်ပီယံလိဂ်သမိုင်းမှာ ဒုတိယမြောက်အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ရော်နယ်ဒိုက အခြားမှတ်တမ်းတစ်ခုကိုလည်း လိုက်မီခဲ့တာဖြစ်ပါတယ်။
ဗီလာရီးရဲလ်နဲ့ပွဲမှာ ယူနိုက်တက်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ရော်နယ်ဒိုုဟာ မိနစ် ၉၀ အနိုင်ဂိုးသွင်းရှင်အဖြစ် မန်စီးတီးတိုက်စစ်မှူးဟောင်းအဂူရိုရဲ့ စံချိန်မှတ်တမ်းကို လိုက်မီသွားခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ချန်ပီယံလိဂ်သမိုင်းမှာ ဒုတိယမြောက်အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ရော်နယ်ဒိုက အခြားမှတ်တမ်းတစ်ခုကိုလည်း လိုက်မီခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် နောက်ဆုံးအပိုင်းအခြားမှာတော့ လင်ဂတ်ရဲ့ ဧရိယာတွင်း ဖန်တီးပေးမှုကနေ ရော်နယ်ဒိုက ညာခြမ်းကနေ ထောင့်ဖြတ်အနေအထားနဲ့ ကန်သွင်းခဲ့ရာမှာ ဗီလာရီးရဲလ်ဂိုးသမား လက်နဲ့ထိခဲ့ပြိးမှ ဂိုးထဲဝင်သွားခဲ့လို့ အနိုင်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ချန်ပီယံလိဂ်မှာ ရော်နယ်ဒိုက မိနစ် ၉၀ မှာ အနိုင်ဂိုးသွင်းယူနိုင်မှု ၃ ပွဲအထိရှိသွားခဲ့ပြီး အဂူရိုနဲ့ တူညီသွားခဲ့တာဖြစ်ပါတယ်။
အဖွင့်ပွဲမှာ ယန်းဘွိုင်းကိုအရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်အတွက်တော့ ဒီပွဲအနိုင်ရခဲ့လို့ အသက်ရှူချောင်သွားခဲ့ပြီး အုပ်စုအဆင့်က လွတ်မြောက်ဖို့ မျှော်လင့်ချက်ရှိလာခဲ့ပြီဖြစ်ပါတယ်။