လီဗာပူးလ်မှာ ကစားချင်လို့ကို ပြောင်းလာတာလို့ ဆိုခဲ့တာပါ။

လီဗာပူးလ်ကစားသမားသစ် ဆိုဘော့စ်ဇလိုင်က အန်ဖီးလ်ကို ပြောင်းရွှေ့ခွင့်ရမှာဆိုရင် သူ ချန်ပီယံလိဂ်တောင် မကစားရလည်း ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။ လိုက်ဇစ်ကစားသမားဟောင်းဟာ ယူရိုသန်း ၇၀ နဲ့ အန်ဖီးလ်ကို ပြောင်းရွှေ့ခဲ့ပြီး စတီဗင်ဂျရတ်ရဲ့ နာမည်ကျော် ကျောနံပါတ် ၈ ကို ဝတ်ဆင်ကစားမှာလည်း ဖြစ်ပါတယ်။ 

ဆိုဘော့စ်ဇလိုင်အတွက် လီဗာပူးလ်က အချိန်တိုအတွင်းမှာပဲ ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့တာပါ။ ကစားသမားကလည်း ပြောင်းရွှေ့ဖို့အတွက် ဆန္ဒပြင်းပြခဲ့လို့ လွယ်လွယ်ကူကူပဲ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်က ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့လို့ ယူရိုပါလိဂ်သာ ကစားရမှာဖြစ်ပြီး ဆိုဘော့စ်ဇလိုင်က လိုက်ဇစ်နဲ့ ချန်ပီယံလိဂ်ကစားခွင့်ကိုတော့ ဆုံးရှုံးခဲ့ရပါတယ်။ 

ဒါနဲ့ ပတ်သက်ပြီး သူက "လီဗာပူးလ်က အမှန်တကယ်ကမ်းလှမ်းခဲ့တယ်ဆိုတာကို ကျနော် သိသိချင်းပဲ ချန်ပီယံလိဂ်မကစားရမှာတောင် တွေးမနေတော့ပါဘူး၊ ချန်ပီယံလိဂ် တရာသီကို ကျနော် အဆုံးရှုံးခံပြီး လီဗာပူးလ်ကို ပျော်ပျော်ကြီးပြောင်းနိုင်ပါတယ်၊ လီဗာပူးလ်နဲ့ ယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်ဖို့ကို ကြိုးစားချင်တယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

ဆိုဘော့စ်ဇလိုင်ကို ခေါ်ယူနိုင်ခဲ့တာကြောင့် လီဗာပူးလ်ရဲ့ ကွင်းလယ်ပိုင်းက ပိုအားကောင်းလာတော့မှာပါ။ ကစားသမား ၁၁ ယောက်အထိကို အသင်းကနေ ထွက်ခွာခွင့်ပေးထားတဲ့ လီဗာပူးလ်ဟာ သူတို့ကွင်းလယ်ပိုင်းအတွက် အမှန်တကယ်လိုအပ်တဲ့​နေရာကို အစားထိုးနိုင်ခဲ့တယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပြီး ဟန်ဂေရီကြယ်ပွင့်လည်း ခြေစွမ်းပြလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ 

Share

Loading Next Article...
က္က