ဇင်ချန်ကိုက အင်စတာဂရမ်မှာ ဂုဏ်ပြုခဲ့တာပါ။

အာဆင်နယ်ပရိသတ်တွေဟာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးသွားတဲ့ မန်စီးတီးကို ဂုဏ်ပြုစကားပြောကြားခဲ့တဲ့ ဇင်ချန်ကိုနဲ့ ပတ်သက်လို့ ဒေါသထွက်နေကြကြောင်း သိရှိရပါတယ်။ စနေနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးက အင်တာမီလန်ကို အနိုင်ရဗိုလ်စွဲခဲ့တာပါ။



အစ္စတန်ဘူလ်မှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ မန်စီးတီးတို့ အနိုင်ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ရိုဒရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ မန်စီးတီးအတွက်တော့ သူတို့အသင်းသမိုင်းတစ်လျှောက် ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဇင်ချန်ကိုကတော့ သူ့အသင်းဟောင်းရဲ့ အောင်မြင်မှုကို ဂုဏ်ပြုခဲ့တာပါ။


ဇင်ချန်ကိုက “ဥရောပရဲ့ချန်ပီယံ” ဆိုတဲ့ စာသားနဲ့အတူ အသင်းဖော်ဟောင်းတွေ၊ နည်းပြဂွါဒီယိုလာရဲ့ ပုံရိပ်နဲ့အတူ လက်ခုပ်တီးနေတဲ့ အီမိုဂျီတွေကို အသုံးပြုကာ သူ့ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဇင်ချန်ကိုရဲ့ လုပ်ရပ်က အာဆင်နယ်ပရိသတ်တွေရဲ့ ဒေါသကို ဆွပေးခဲ့သလိုဖြစ်ခဲ့ပြီး ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်တစ်ခါမျှ ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းမဟုတ်ပါဘူး။ အရင်ကတော့ မန်စီးတီးနဲ့ အာဆင်နယ်တို့ အတူတူ ချန်ပီယံလိဂ်ဖလားမရဖူးတဲ့အသင်းတွေဆိုပြီး ပြည်တွင်းမှာ လှောင်ပြောင်ခံရလေ့ရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ မန်စီးတီးက ချန်ပီယံလိဂ်ဖလားအပါအဝင် တစ်ရာသီအတွင်း ဆုဖလားသုံးလုံးကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း အာဆင်နယ်ပရိသတ်တွေက “ငါတို့က မန်စီးတီးကို ဒီလူတွေနဲ့ ယှဥ်နိုင်ဖို့ ကြိုးစားနေချိန်မှာ ဒီအထဲက တစ်ယောက်က ပြိုင်ဘက်ကို သွားဂုဏ်ပြုနေပါတယ်” “ဇင်ချန်ကိုရဲ့လုပ်ရပ်က လုံးဝကို အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်ပါ” “ဒီကစားသမားကို ချက်ချင်းပြန်ရောင်းလိုက်ပါကွာ” လို့ အမျိုးမျိုး ပြစ်တင်ဝေဖန်နေကြပါတယ်။ ဒါ့အပြင် ဒီရာသီမှာ မန်စီးတီးက ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကို ကျော်တက်ပြီး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေ ဇင်ချန်ကိုရဲ့လုပ်ရပ်ကို ဒေါသထွက်တာ မဆန်းဘူးလို့ ဆိုနိုင်ပါတယ်။ 

Share

Loading Next Article...
က္က