နာမည်ကျော်ဘရာဇီးလ်ကစားသမားဟောင်းကြီး ရီဗာလ်ဒိုက ဒီရာသီမှာ ချယ်လ်ဆီးက ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ရလဒ်တွေဆိုးရွားနေပြီး နည်းပြပါ ရာထူးကနေ ပြုတ်မလိုဖြစ်နေပေမယ့် ချယ်လ်ဆီးက ဘာအတွက်ကြောင့် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မလဲဆိုတာကို ရီဗာလ်ဒိုက အကျိုးအကြောင်းနဲ့ ရှင်းပြခဲ့ပါတယ်။
ချယ်လ်ဆီးကတော့ ပရီးမီးယားလိဂ်မှာ အဆင့် ၁၀ နေရာကို ရောက်ရှိနေပြီး ပြည်တွင်းဖလားပြိုင်ပွဲအားလုံးကနေလည်း ထွက်ခွာခဲ့ရပြီဖြစ်ကာ ဆုဖလားအဖြစ် ချန်ပီယံလိဂ်ကိုသာ မျှော်လင့်နိုင်တော့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူတို့က ဒေါ့မွန်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီး ရလဒ်တွေကောင်းခဲ့မယ်ဆိုရင် ဗိုလ်လုပွဲအဆင့်ကို မျှော်လင့်နိုင်မှာလည်းဖြစ်ပါတယ်။
ရီဗာလ်ဒိုက "ချယ်လ်ဆီးမှာက တောင့်တင်းတဲ့လူစာရင်းပိုင်ဆိုငထားပြီး ချန်ပီယံလိ်က သူတို့ရဲ့ အသက်ပါပဲ၊ ပြည်တွင်းမှာ သူတို့ရလဒ်တွေအရမ်းဆိုးခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့်၁၀ ဖြစ်နေတယ်၊ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နေရာရဖို့ကလည်း မသေချာတော့ပါဘူး၊ သူတို့အတွက် အကောင်းဆုံးအခွင့်အရေးက ချန်ပီယံလိဂ်ဖလားရအောင် ယူဖို့ပါပဲ"
"သူတို့မှာ ဒီဆုဖလားအတွက် တိုက်ပွဲဝင်နိုင်တဲ့ လုံလောက်တဲ့ လူစာရင်းရှိနေပါတယ်၊ ပေါ်တာကလည်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ သူ့ကစားသမားတွေ လန်းဆန်းနေဖို့ ပရီးမီးယားလိဂ်မှာ အလှည့်ကျလူထုတ်ဖို့ကို စဉ်းစားနေလောက်ပါပြီ၊ သူတို့သာ ကွာတားဖိုင်နယ်ကို ကျော်ဖြတ်နိုင်ပြီဆိုရင် ဆုဖလားအတွက် ဘိုင်ယန်မြူးနစ်နဲ့အတူ ရေပန်းအစားဆုံးဖြစ်လာပါလိမ့်မယ်" လို့ ပြောဆိုခဲ့ပါတယ်။
ချယ်လ်ဆီးကတော့ ယာယီနည်းပြ၊ နည်းပြသစ်လက်ထက်တွေမှာဆိုရင် ချန်ပီယံလိဂ်ဖလားကို ရယူတတ်တဲ့ အစဉ်အလာလည်း ရှိတဲ့အသင်းပါ။ ဒီရာသီမှာ တူချယ်လ်ကို ထုတ်ပယ်ပြီး ပေါ်တာကို ခန့်အပ်ခဲ့ကာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ရတော့မလိုလိုဖြစ်ခဲ့ရာကနေ ကွာတားအဆင့်ထိ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။