ပရီးမီးယားလိဂ်ဖလားအတွက်နဲ့တော့ သူ့ကိုခေါ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

မန်ချက်စတာစီးတီးက သူ့ကို ဝယ်ယူခဲ့တာဟာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ ဖြစ်တယ်လို့ အာလင်းဟာလန်းက ပြောဆိုလိုက်ပါတယ်။ လိုက်ဇစ်ကို မန်စီးတီးက ၇ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ တဦးတည်း ၅ ဂိုးသွင်းယူကာ ဟာလန်က ခြေစွမ်းပြခဲ့ပြီး အသင်းကို ကွာတားဖိုင်နယ်အဆင့်ဆီ ပို့ဆောင်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဟာလန်းကတော့ မန်စီးတီးအတွက် ပထမဆုံးရာသီမှာပဲ ပြိုင်ပွဲစုံသွင်းဂိုး ၃၉ ဂိုးအထိ သွင်းယူခဲ့တာပါ။ ဒါဟာ မန်စီးတီးသမိုင်းမှာ ကစားသမားသစ်တဦးက ပထမဆုံးရာသီမှာပဲ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ စံချိန်မှတ်တမ်းဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း တပွဲတည်း ၅ ဂိုးသွင်းနိုင်တဲ့ တတိယမြောက်ကစားသမားအဖြစ် မက်ဆီနဲ့ လူးဝစ်အက်ဒရီယာနိုတို့ပြီးရင် ဟာလန်းက ဒီမှတ်တမ်းကို ပိုင်ဆိုင်သူဖြစ်လာခဲ့ပါတယ်။ 

"ဒီအသင်းက ချန်ပီယံလိဂ်ဖလားကို ရယူချင်နေတယ်ဆိုတာ သေချာတာပေါ့၊ သူတို့က ဆုဖလားတွေကို ရယူချင်နေတုန်းပါ၊ ပရီးမီးယားလိဂ်ဖလားကိုလည်း နောက်ဆုံး ၅ နှစ်မှာ ၄ ကြိမ်အထိ ရခဲ့တာပါ၊ ဒါကြောင့် ပရီးမီးယားလိဂ်ယူဖို့အတွက်နဲ့တော့ ကျနော့်ကို သူတို့ခေါ်ယူခဲ့မှာမဟုတ်ပါဘူး၊ ပရီးမီးယားလိဂ်ဖလားကို ဘယ်လိုရယူနိုင်လဲ သူတို့က သိပြီးသားပါ"

"ဒါကြောင့် အသင်းကို ဒီထက်ပိုပြီးတော့ ကျနော်ကူညီပေးချင်ပါတယ်၊ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ်ရရှိအောင်လည်း ကြိုးစားသွားမှာပါ၊ ဒီအသင်းမှာဆိုရင် ကျနော်ပိုပြီးတော့ ကောင်းမွန်လာနိုင်ပါတယ်၊ ကျနော်တို့ ပွဲအများစုမှာ တိုးတက်လာတယ်လို့လည်း ထင်တယ်၊ ကျနော် အခွင့်အရေးတွေအများကြီး လွဲချော်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် အရေးကြီးဆုံးက အခွင့်အရေးတွေရဖို့ပါ၊ တိုက်စစ်မှူးတဦးအတွက် ဒါကလိုအပ်ပါတယ်" လို့ ဟာလန်းက ပြောဆိုခဲ့ပါတယ်။ 

ဟာလန်းကတော့ ဒေါ့မွန်မှာတုန်းကလည်း အခုလိုပဲ ခြေစွမ်းပြကာ ဂိုးတွေတဒိုင်းဒိုင်းသွင်းနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ထိတ်လန့်စရာဂိုးသွင်းနှုန်းကို ပရီးမီးယားလိဂ်မှာလည်း ပြသနိုင်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာလည်း မန်စီးတီးအတွက် ဂိုးအများအပြားရရှိထားကာ မရှိမဖြစ် ကစားသမားတဦးအဖြစ်ရှိနေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က