ဘယ်လင်ဟမ်က မန်စီးတီးကို ငြင်းပြီး ရီးရဲလ်ကို ရွေးခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ သေချာသ‌လောက်ဖြစ်သွားတဲ့ ဒေါ့မွန်ကွင်းလယ်လူ ဂျုဘယ်လင်ဟမ်ဟာ စပိန်မြေကို ပြောင်းရွှေ့ဖို့ သဘောမတူညီခင်မှာ အသင်းဟောင်း မန်စီးတီးကို ငြင်းဆန်ခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။



စပိန်ဒေသတွင်း သတင်းတွေရဲ့ဖော်ပြချက်အရ ဘယ်လင်ဟမ်ဟာ လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ကနဦးသဘောတူညီမှုတွေ ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။ အသက် (၁၉) နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူဟာ ရီးရဲလ်မက်ဒရစ်နဲ့ (၂၀၂၉) ခုနှစ်အထိ ရှိနေမယ့် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးသွားမှာဖြစ်ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးတို့ကလည်း အပြိုင်အဆိုင် ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ကစားသမားဘက်က ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက်သာ စိတ်အားထက်သန်ခဲ့တာကို နှစ်သင်းလုံးက သတိထားမိခဲ့ပြီး ဘယ်လင်ဟမ်အတွက် ကြိုးစားမှုကို နောက်ဆုတ်သွားခဲ့ပါတယ်။

ဒေါ့မွန်နဲ့ ရီးရဲလ်မက်ဒရစ်တို့အကြား ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု မရရှိသေးပေမယ့် ရီးရဲလ်မက်ဒရစ်ဘက်ကတော့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၂၀) နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ်အတွက် ကြိုးပမ်းမှုတွေကို လျှို့လျှို့ဝှက်ဝှက်နဲ့ပဲ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ချူအာမန်နီကို ခေါ်ယူခဲ့တုန်းကလိုပဲ လှုပ်ရှားသွားခဲ့တာပါ။

ကစားသမားကိုယ်တိုင်ကလည်း အသင်းဟောင်း မန်စီးတီးအပါအဝင် လီဗာပူးရဲ့ ကမ်းလှမ်းမှုကိုလည်း ရရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ကစားဖို့ စိတ်အားထက်သန်ခြင်းမရှိတာကြောင့် ရီးရဲလ်မက်ဒရစ်ကိုသာ ရွေးချယ်သွားခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်ကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့ရမယ့် မန်စီးတီးနဲ့ပွဲမတိုင်ခင် ဘယ်လင်ဟမ်အတွက် ကြိုးပမ်းမှုမှာ အသာရသွားခဲ့တာဖြစ်ပြီး မန်စီးတီးကို စောစောစီးစီး အနိုင်ယူထားလိုက်ပြီလို့ ပရိသတ်အချို့က မှတ်ချက်ပြုနေကြပါတယ်။ 

Share

Loading Next Article...
က္က