နောက်ဆုံး ၁၅ မိနစ်အတွင်း အနိုင်ဂိုးသွင်းယူပေးထားတာ ၃ ဂိုးအထိ ရှိနေခဲ့ပါပြီ။

ယန်းဘွိုင်းနဲ့ပွဲမှာသာ ဂိုးထပ်ရမယ်ဆိုရင် အုပ်စုအဆင့်မှာ ပွဲအားလုံးဂိုးသွင်းနိုင်တဲ့ကစားသမားအဖြစ်မှတ်တမ်းဝင်တော့မှာဖြစ်ပြီး နစ္စတယ်ရွိုင်ရဲ့ စံချိန်ကို လိုက်မီတော့မှာဖြစ်ပါတယ်။ 


ဗီလာရီးရဲလ်နဲ့ပွဲမှာ ယူနိုက်တက်အတွက် အဖိုးတန်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့နောက် ရော်နယ်ဒိုက အသင်းအတွက်ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၅ ပွဲဆက်တိုက် ဂိုးရသွားခဲ့ပါတယ်။ စုစုပေါင်း ၆ ဂိုးအထိ သွင်းယူပေးထားခဲ့ပြီး ယန်းဘွိုင်းနဲ့ပွဲမှာသာ ဂိုးထပ်ရမယ်ဆိုရင် အုပ်စုအဆင့်မှာ ပွဲအားလုံးဂိုးသွင်းနိုင်တဲ့ကစားသမားအဖြစ်မှတ်တမ်းဝင်တော့မှာဖြစ်ပါတယ်။ 



အသက် ၃၆ နှစ်အရွယ်ကစားသမားဟာ ဗီလာရီးရဲလ်ဂိုးသမားကို အသာအယာလေးကျော်ပြီး ဂိုးသွင်းယူပေးခဲ့ကာ ရလဒ်တွေဆိုးရွားနေတဲ့ အသင်းကို နိုင်ပွဲပြန်ရစေဖို့ ကူညီပေးခဲ့ပါတယ်။ ယာယီနည်းပြကာရစ်လက်ထက် ပထမဆုံးနိုင်ပွဲလည်းဖြစ်ခဲ့သလို ယူနိုက်တက်ကို ၁၆ သင်းအဆင့်ဆီပါ ရော်နယ်ဒိုက ပို့ဆောင်ပေးနိုင်ခဲ့ပြီး ပရိသတ်တွေကို စိတ်ချမ်းသာစေခဲ့ပါတယ်။ 

ဒီပွဲမှာ ဂိုးသွင်းခဲ့အပြီး ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်သမိုင်းမှာ ဘောလုံးရာသီတရာသီအတွင်း ပွဲချိန်နောက်ဆုံး ၁၅ မိနစ်မှာ အနိုင်ဂိုးအများဆုံးသွင်းနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ စုစုပေါင်း ၃ ဂိုးအထိ သူ သွင်းယူပေးထားတာဖြစ်ပြီး ဒီပြိုင်ပွဲသမိုင်းမှာ သူ့ကိုလိုက်မီသူမရှိသေးဘဲ အုပ်စုအဆင့်မှာတင် ဒီလိုစွမ်းဆောင်ပြနေလို့ အားလုံးမျက်လုံးပြူးစရာဖြစ်နေရကြောင်း ESPN က ဆိုပါတယ်။ 

ယူနိုက်တက်အတွက် ဒီရာသီပြိုင်ပွဲစုံသွင်းဂိုး ၁၀ ဂိုးပြည့်မြောက်သွားပြီဖြစ်ကာ ချန်ပီယံလိဂ်မှာ ၆ ဂိုးအထိ သူက ရရှိထားပြီးဖြစ်ပါတယ်။ ချန်ပီယံလိဂ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားလည်းဖြစ်တဲ့ ရော်နယ်ဒိုဟာ ဒီပြိုင်ပွဲမှာ ထင်ရှားတဲ့စံချိန်မှတ်တမ်းတွေအားလုံးကို ရယူထားနိုင်ခဲ့ပြီး အခုအခါမှာတော့ ရှားရှားပါးပါးလို့ဆိုရမယ့် စံချိန်တွေကိုပါ ထပ်ယူပြနေလို့ သူ မရဖူးတဲ့စံချိန်ဆိုတာ ရှိရောရှိနေပါဦးမလားလို့ တွေးထင်စရာဖြစ်လာခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က