အာရှချန်ပီယံလိဂ်မှာ ဂိုးသွင်းယူခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အယ်လ်နာဆာနဲ့ အစ်စတစ်လိုတို့ရဲ့ အေအက်ဖ်စီချန်ပီယံလိဂ်ပွဲမှာတော့ အယ်လ်နာဆာက နောက်ကလိုက်ကစားပြီး ပြိုင်ဘက်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ အစ်စစတစ်လိုက ဦးဆောင်ဂိုးကို ပထမပိုင်းကတည်းက သွင်းယူခဲ့တာပါ။



ဒါပေမယ့်လည်း ပွဲကစားချိန် (၆၆) မိနစ်မှာ ရော်နယ်ဒိုက အသင်းပြန်လာနိုင်ဖို့အတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီနောက်ပိုင်းပွဲတွေမှာ အယ်လ်နာဆာအတွက် ဆက်တိုက် ဂိုးသွင်းပေးနေတဲ့ တာလစ်စကာက အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုး ဆက်တိုက် သွင်းယူပေးခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမတိုင်ခင် နောက်ဆုံးကစားထားတဲ့ ဆော်ဒီလိဂ်ပွဲမှာ ပါဝင်ကစားခြင်းမရှိဘဲ အခု အေအက်ဖ်စီချန်ပီယံလိဂ်ပွဲအတွက် အနားရရှိခဲ့ပါတယ်။ ရာသီအစပိုင်းမှာ ရော်နယ်ဒိုတစ်ယောက် ဂိုးမိုးခေါင်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ အသင်းအတွက် ဆက်တိုက်ဆိုသလိုကို ဂိုးတွေ သွင်းယူပေးလျက်ရှိပါတယ်။

ရော်နယ်ဒိုအတွက်ကတော့ ကစားသမားဘဝ ပထမဆုံး အေအက်ဖ်စီချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ကစားနေရတာလည်း ဖြစ်ပါတယ်။ ဥရောပချန်ပီယံလိဂ်မှာတုန်းက ချန်ပီယံလိဂ်မင်းသားကြီးကို ခေါ်ရလောက်အောင် ခြေစွမ်းပြခဲ့တဲ့ ရော်နယ်ဒိုက အာရှချန်ပီယံလိဂ်မှာလည်း ခြေစွမ်းပြနေပြီဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဥရောပချန်ပီယံလိဂ်ဖလားကို (၅) ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နေပါတယ်။ အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုဖလားအများဆုံး ဆွတ်ခူးထားတဲ့ အအောင်မြင်ဆုံး ကစားသမားအဖြစ်လည်း ရပ်တည်လျက်ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က