မန်စီးတီးတို့ အိမ်ကွင်းမှာ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ရတာပါ။

မန်စီးတီးက ချန်ပီယံလိဂ်ကစားဖို့ရှိပေမယ့် ဒီဘရိုင်း၊ ဒီယက်စ်၊ လာပေါ့တ်၊ ဖိုဒန်၊ ဂရီလစ်ရှ်တို့နဲ့ လူစုံပွဲထွက်ခဲ့ပေမယ့် မထင်မှတ်ဘဲ အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ပါတယ်။ ဗီယာရာရဲ့ ခရစ္စတယ်ပဲလေ့စ်ကလည်း မန်စီးတီးကို အကောင်းဆုံးတုံ့ပြန်ဖို့ ပြင်ဆင်လာခဲ့ပြီး ပွဲကစားချိန် (၅) မိနစ်မှာတင် မထင်မှတ်ဘဲ ပဲလေ့စ်တို့ ဦးဆောင်ဂိုးရလိုက်ပါတယ်။



ဒီဂိုးကိုတော့ ဂယ်လာဂါက ဖန်တီပေးတာဖြစ်ပြီး ဇာဟာက သွင်းယူပေးခဲ့တာပါ။ အဲ့ဒီနောက်မှာ မန်စီးတီးတို့ ချေပဂိုးရဖို့ ဆက်တိုက်ကြိုးစားခဲ့ပေမယ့် ပဲလေ့စ်နောက်တန်းက ကျစ်ကျစ်လျစ်လျစ်နဲ့ ပိတ်ဆို့ကစားခဲ့ပါတယ်။ မန်စီးတီးအနေနဲ့ ချဲလ်ဆီး၊ လီဗာပူးတို့နဲ့ တစ်ချိန်တည်းကစားနေတာဖြစ်ပြီး လီဗာပူးက စောစောစီးစီး ဂိုးရနေချိန်မှာ စောစောစီးစီး ဂိုးပေးလိုက်ရတာလည်း ဖိအားဖြစ်သွားတဲ့ပုံပါပဲ။

အသင်းကဂိုးရဖို့ ဆက်တိုက်ကြိုးစားရင်းနဲ့ပဲ ပြိုင်ဘက်က ဇာဟာ၊ အယူး၊ အက်ဒွါတို့ရဲ့ တန်ပြန်တိုက်စစ်ကိုလည်း ဂရုစိုက်ခဲ့ရပါသေးတယ်။ ပထမပိုင်းပြီးခါနီးမှာတော့ မထင်မှတ်ဘဲ နောက်ခံလူ လာပေါ့တ် အထုတ်ခံလိုက်ရပါတယ်။ ဇာဟာကို Last Defender အနေနဲ့ လှဲချခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပြီး ဒီအနီကတ်က ပြင်းထန်လွန်းတယ်လို့လည်းဆိုရမှာပါ။

တစ်ယောက်လျော့သွားတဲ့ မန်စီးတီးတို့ ဒုတိယပိုင်းမှာလည်း ဘာမှအပြောင်းအလဲမလုပ်ခဲ့ဘဲ ဆက်လက်ရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်းကတော့ ရုန်းကန်ခဲ့ရဆဲဖြစ်ပြီး ဇာဟာ နောက်တစ်ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေတာကြောင့် မန်စီးတီးတို့ သက်သာရာရခဲ့ပါတယ်။ မန်စီးတီးကလည်း ဂျေးဆု ချေပဂိုးသွင်းခဲ့ပေမယ့် ဒီဂိုးအတွက် ဖန်တီးပေးခဲ့တဲ့ ဖိုဒန် လူကျွံနေတာကြောင့် မန်စီးတီးတို့ နစ်နာခဲ့ပါတယ်။

မန်စီးတီးတို့ ဂိုးရဖို့ တိုက်စစ်ဆင်ရင်းနဲ့ပဲ ပဲလေ့စ်ရဲ့ တန်ပြန်တိုက်စစ်တွေကို ရင်ဆိုင်ခဲ့ရပြီး ပွဲကစားချိန် (၈၈) မိနစ်မှာတော့ ဂယ်လာဂါက အသင်းအတွက် အနိုင်သေချာစေမယ့် ဒုတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးဟာ ဒီရှုံးပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးနဲ့ (၅) မှတ်ကွာသွားခဲ့ပြီးပြက ချဲလ်ဆီးနဲ့ (၅) မ်ခဲ့ပါတဘယ။ျော်လက်ချော်ဖြစ်ခ ဝက်စ်ဟမ်း၊ အာဆင်နယ်၊ ဘရိုက်တန်တို့ရဲ့ ဖိအားပေးမှုတွေနဲ့ပါ ရင်ဆိုင်ရတော့မှာပါ။ 

Share

က္က