မမျှတမှုတွေရှိနေတာကြောင့် လီဗာပူးကစားသမားတွေ ဒေါသထွက်နေတာပါ။

လီဗာပူးကစားသမားတွေဟာ ယူအီးအက်ဖ်အေရဲ့ စည်းကမ်းတခုအပေါ် ဒေါသထွက်နေကြတယ်လို့ သိရှိရပါတယ်။ လီဗာပူးနဲ့ရီးရဲလ်မက်ဒရစ်တို့ ဒီကနေ့ည ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားမှာဖြစ်ပြီး ဒီပွဲအပြီး အနိုင်ရတဲ့အသင်းဟာ မိသားစုဝင်တွေကို ကွင်းအတွင်း ခေါ်ယူအောင်ပွဲခံခွင့်မရှိဘူးလို့ ယူအီးအက်ဖ်အေက သတ်မှတ်ထားပါတယ်။



အဲ့ဒါကြောင့်လည်း လီဗာပူး ကစားသမားတွေက အခုတည်းက ယူအီးအက်ဖ်အေကို ဒေါသထွက်နေကြတာဖြစ်တယ်လို့ သိရှိရပါတယ်။ ယူအီးအက်ဖ်အေဟာ ဗိုလ်လုပွဲကျင်းပမယ့် ပီအက်စ်ဂျီအိမ်ကွင်းရဲ့ လုံခြုံရေး အခြေအနေအရ အခုလိုမျိုး မိသားစုဝင်တွေနဲ့ ကလေးငယ်တွေကို ကွင်းအတွင်း ခေါ်ဆောင်ခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။

လီဗာပူး ကစားသမားတွေရဲ့ မိသားစုဝင်တွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေက ပရီးမီးယားလိဂ်ရာသီပိတ်ပွဲအပြီး ကွင်းအတွင်း ဝင်ရောက်ခွင့်ရရှိကာ ကစားသမားတွေနဲ့အတူ အန်ဖီးလ်ပရိသတ်တွေကို နှုတ်ဆက်ခွင့်ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ချန်ပီယံလိဂ်ဖလားရခဲ့ရင် မိသားစုဝင်တွေနဲ့အတူ ထုံးစံအတိုင်း ကွင်းအတွင်း အတူတကွ အောင်ပွဲခံခွင့်ရဖို့ ကစားသမားတွေက မျှော်လင့်ထားပါတယ်။

ဒါပေမယ့် ဒီမတိုင်ခင်တည်းက လီဗာပူးမိသားစုဝင်တွေရဲ့ လက်မှတ်ခွဲတမ်းရရှိမှုက ရီးရဲလ်မက်ဒရစ် ကစားသမားတွေရဲ့ မိသားစုဝင်တွေ ရရှိထားတဲ့ လက်မှတ်ခွဲတမ်းထက် တော်တော်လေးနည်းပါးခဲ့ပါတယ်။ လီဗာပူးဟာ ကစားသမားတွေ၊ အသင်းဝန်ထမ်းတွေအတွက် အများဆုံး လက်မှတ်စောင်ရေ (၃၈၂) စောင်သာရရှိထားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကစားသမားတွေကတော့ တယောက်ကို အများဆုံး လက်မှတ် (၂၅) စောင်အထိ ဝယ်ယူခွင့်ရရှိထားတာပါ။ ဒီလိုမျိုး ကွာဟချက်တွေရှိနေတာကြောင့်လည်း လီဗာပူးဘက်က မကျေမနပ်ဖြစ်ခဲ့ပြီး ယူအီးအက်ဖ်အနေနဲ့ ပွဲမကစားခင်တည်းက ရီးရဲလ်မက်ဒရစ်ကို မျက်နှာသာပေးထားတယ်လို့လည်း လီဗာပူးပရိသတ်အချို့က ဝေဖန်နေကြပါတယ်။ 

Share

Loading Next Article...
က္က