ပြီးခဲ့တဲ့ရာသီမှာတော့ လာလီဂါချန်ပီယံတွေကြောင့် ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ ဂရေဟမ် ပေါ့တားက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာကို စိတ်လှုပ်ရှားမိတယ်လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၀ နေရာကနေ ရပ်တည်နေတာဖြစ်ပြီး ၁၆ သင်းရှုံးထွက်အဆင့်မှာ ဒေါ့မွန်ကို ဖြုတ်ပစ်နိုင်ခဲ့ပြီးနောက် နောက်တဆင့်တက်ရောက်နိုင်ဖို့ ဥရောပချန်ပီယံတွေကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ၂၀၂၁ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီမှာတော့ လာလီဂါချန်ပီယံတွေကြောင့် ဥရောပပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

 

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့မေလမှာ ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို စံချိန်တင် ရရှိခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းသာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီး သို့မဟုတ် ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံရမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ကွာတားဖိုင်နယ်အဆင့်မှာ တွေ့ဆုံခဲ့တဲ့အပေါ် ဘယ်လိုခံစားရလဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ပေါ့တားက အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

 

“ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ပြီး ဒီမဲခွဲမှုထဲက ကျန်တဲ့ ၇ သင်းလည်း အတူတူပဲ ဖြစ်မယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ ရီးရဲလ်နဲ့ ကစားရမယ့်အချိန်ရောက်ရင် အာရုံစိုက်သွားမှာဖြစ်ပေမယ့် အခုအချိန်မှာ မနက်ဖြန် အဲဗာတန်နဲ့ပွဲအတွက်ပဲ ကျွန်တော်တို့ တွေးနေပါတယ်။ ကျွန်တော် အဲဗာတန်နဲ့ပွဲကိုပဲ အာရုံစိုက်မှာပါ။ ဘာလို့လဲဆိုတော့ တခြားကိစ္စတွေက အဝေးကြီးလိုသေးလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က