မက်ဆီရဲ့ပရိသတ်တွေဆိုရင် အကြိမ်ကြိမ်ပြန်ကြည့်ပြီးကြပါပြီ။

အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် မက်ဆီက ပြီးခဲ့တဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားနဲ့ ပတ်သက်လို့ အံ့အားသင့်ဖွယ် ဖွင့်ဟပြောကြားလိုက်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံဆုကို အဆိုပါပြိုင်ပွဲမှာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။



အာဂျင်တီးနားဟာ အုပ်စုအဖွင့်ပွဲမှာ ဆော်ဒီအာရေဗျကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့သေးတာပါ။ ဒါပေမယ့်လည်း လက်ကျန်အုပ်စုပွဲတွေနဲ့ ကျန်တဲ့အဆင့်ပွဲတွေမှာ အမှားအယွင်းမရှိခဲ့ဘဲ နောက်ဆုံးမှာတော့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။


ကမ္ဘာ့ဖလားဖိုင်နယ်မှာ မက်ဆီရဲ့ အာဂျင်တီးနားက ပြင်သစ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပြင်သစ်ရဲ့ ချေပဂိုးနှစ်ဂိုးကြောင့် အချိန်ပို၊ ပင်နယ်တီအထိ ကစားပြီးမှ အာဂျင်တီးနားတို့ ဗိုလ်စွဲခဲ့တာပါ။

ဒီပွဲနဲ့ပတ်သက်လို့ မက်ဆီက “ကျနော် အခုချိန်အထိ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲကို လုံးဝပြန်မကြည့်ရသေးပါဘူး” လို့ ဖွင့်ဟလာခဲ့ပါတယ်။ ပရိသတ်တွေအတွက်ကတော့ မက်ဆီရဲ့ အခုလိုမျိုး ဖွင့်ဟဝန်ခံမှုက အံ့အားသင့်စရာကောင်းနေပါတယ်။

မက်ဆီရဲ့ သမိုင်းဝင်အောင်ပွဲကို အချို့ပရိသတ်တွေက အကြိမ်ကြိမ် ပြန်လည်ကြည့်ရှုပြီးဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ကြသလို အချို့ကလည်း မက်ဆီအနေနဲ့ ဒီပွဲကို ပြန်ကြည့်သင့်တယ်လို့လည်း အမျိုးမျိုး မှတ်ချက်ပြုခဲ့ကြပါတယ်။

Share

Loading Next Article...
က္က