သေချာပေါက်ချန်ပီယံဖြစ်ရမယ်လို့ ဂွါဒီယိုလာကပြောကြားခဲ့တာပါ။

ဝက်စ်ဟမ်းကွင်းမှာ မန်စီးတီးတို့ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆု အဆုံးအဖြတ်က နောက်ဆုံးပွဲစဥ်အထိ စောင့်ကြည့်ရမယ့် အနေအထားကို ရောက်ရှိသွားခဲ့ပါပြီ။ ဒီကနေ့ည အစောပိုင်းမှာ ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ မန်စီးတီးပွဲမှာ တဖက်နှစ်ဂိုးစီ သရေကျခဲ့တာပါ။



ဒီပွဲမှာ မန်စီးတီးတို့ ပထမပိုင်းမှာ ဘိုဝင်ရဲ့သွင်းဂိုးနှစ်ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်နေခဲ့တာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဂရီလစ်ရှ်ရဲ့သွင်းဂိုး၊ ကူဖယ်လ်တို့ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုတွေကြောင့် တဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ မန်စီးတီးတို့ ပင်နယ်တီရပေမယ့် မာရက်ဇ်ရဲ့ ကန်ချက်ကို ဖေဘီယန်စကီး ကာကွယ်နိုင်ခဲ့ပါတယ်။

မန်စီးတီးဟာ လီဗာပူးထက် တပွဲပိုကစား (၄) မှတ်အသာရရှိထားပြီး လီဗာပူးက ကြားရက်မှာ ကစားမယ့် ဆောက်သမ်တန်နဲ့ အဝေးကွင်းပွဲမှာသာ နိုင်ပွဲရခဲ့ရင် နှစ်သင်းကြား တမှတ်သာ ကွာဟတော့မှာပါ။ လာမယ့်အပတ်မှာ မန်စီးတီးက အိမ်ကွင်းမှာ ဗီလာ၊ လီဗာပူးက အိမ်ကွင်းမှာ ဝုလ်ဗ်တို့နဲ့ ကစားရမှာဖြစ်ပါတယ်။

ဗီလာမှာ လီဗာပူးဂန္တဝင်ဟောင်း ဂျရတ်၊ လီဗာပူးအချစ်တော်ဟောင်း ကော်တင်ဟိုတို့ရှိနေပါတယ်။ အဲ့ဒါကြောင့်လည်း လီဗာပူးပရိသတ်တွေက ပရီးမီးယားလိဂ်ဇာတ်ညွှန်းက ဂျရတ်ရဲ့လက်ထဲ ရောက်သွားပြီလို့ဆိုနေကြပါတယ်။

ဒါပေမယ့် ဂွါဒီယိုလာကတော့ အသင်းရဲ့ ချန်ပီယံအိပ်မက်နဲ့ပတ်သက်လို့ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ဂွါဒီယိုလာက “ကျနော် ခင်ဗျားတို့ကို စိတ်ချလက်ချပြောနိုင်ပါတယ်။ လာမယ့်တပတ်အတွင်း ကျနော်တို့ အိမ်ကွင်းက အရမ်းကို ဆူညံနေမှာဖြစ်ပြီး ကျနော်တို့က ကိုယ့်အသက်ကိုယ်၊ ပရိသတ်တွေကလည်း သူတို့အသက်ကိုပါ (၉၅) မိနစ်အထိ ပေးဆပ်သွားမှာပါ”

“ချန်ပီယံဖြစ်ဖို့အတွက် အိမ်ကွင်းမှာ တပွဲနိုင်ရုံဆိုတာက ကျနော်တို့အတွက် တကယ်ကို အံ့အားသင့်စရာ အခွင့်ထူးခံတခုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဂွါဒီယိုလာပြောသလိုပဲ လာမယ့်အပတ်မှာ မန်စီးတီးတို့ ဗီလာကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မလား စောင့်ကြည့်ရတော့မှာပါ။ ပြို အနိုင်ပယ်။ ဂွ်စီ်တို့က အိုု့့နုနထမချေပ

Share

Loading Next Article...
က္က