နယူးကာဆယ်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

အာဆင်နယ်နည်းပြ အာတီတာက နယူးကာဆယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အသင်းအတွက် ချန်ပီယံဆုက သိပ်အဝေးကြီးမှာ မရှိဘဲ ဒီအတိုင်း ဆက်ကြိုးစားသွားရမယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ မနေ့ညက အဝေးကွင်းပွဲမှာ အာဆင်နယ်တို့ အသင်းခေါင်းဆောင် အိုဒီဂတ်၊ ပြိုင်ဘက် နောက်ခံလူ ဖေဘီယန်ရှားရဲ့ Own Goal တို့နဲ့အတူ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။



ဒီနိုင်ပွဲကြောင့် အာဆင်နယ်တို့ အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးကို ဖိအားပေးနိုင်ဆဲဆိုပေမယ့် ချန်ပီယံဖြစ်ဖို့ အခွင့်အရေးကတော့ မန်စီးတီး ခြေချော်တာကို စောင့်ရမှာပါ။ ဒါပေမယ့် အာတီတာကတော့ အသင်းအပေါ် ယုံကြည်မှုရှိနေပြီး ချန်ပီယံဆုကလည်း အဝေးကြီးမှာ မရှိဘူးလို့ တွန်းအားပေးခဲ့ပါတယ်။

အာတီတာက “ကျွန်တော်တို့ အခုရောက်နေတဲ့နေရာကနေ ဆက်သွားဖို့ လိုအပ်ပါတယ်။ အဲ့ဒီနေရာမှာရှိတဲ့ ချန်ပီယံဆုနဲ့ ကျွန်တော်တို့နဲ့က သိပ်မဝေးလှပါဘူး။ ကျွန်တော်တို့ လုပ်ရမယ့် တစ်ခုတည်းသောအရာက ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပြီး နောက်ကြောင်း ပြန်မလှည့်ဖို့နဲ့ အာရုံစူးစိုက်မှု မပျောက်ဆုံးသွားဖို့ပါ”

“တစ်ရက်ချင်းစီကို အာရုံစိုက်ရပါလိမ့်မယ်။ ဒီအတိုင်း ဆက်သွားရမှာဖြစ်ပြီး ပြီးရင်တော့ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ မနေ့က နိုင်ပွဲရရှိခဲ့တဲ့နောက် ဒီရာသီ သူတို့ရဲ့ ပရီးမီးယားလိဂ်ရမှတ်က (၈၁) မှတ်ရှိလာခဲ့ပါပြီ။

ဒါဟာ အာဆင်နယ်အတွက် (၁၅) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ ရမှတ် (၈၀) နဲ့ အထက် ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းအနေနဲ့ ရာသီကုန်ချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရမယ်ဆိုရင်တောင် အနိမ့်ဆုံး အဆင့် (၂) ကို ရရှိဖို့လည်း သေချာသွားခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က