၄ ပွဲစလုံးမှာ သူတို့က ပွဲချိန်နှောင်းပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့ပါတယ်။

ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရတဲ့ လက်စတာစီးတီးဟာ လက်ရှိမှာတော့ ၄ ပွဲကစားထားအပြီး ၄ ပွဲစလုံးအနိုင်ရထားကာ ရမှတ်အပြည့်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ တန်းပြန်တက်နိုင်ဖို့အတွက် ကြိုးပမ်းနေတဲ့ သူတို့ရဲ့ အားထုတ်မှုတွေက အရာထင်နေတာဖြစ်ပါတယ်။ 

ချန်ပီယံရှစ်မှာ ၄ ပွဲစလုံးအနိုင်ရထားတဲ့ တခုတည်းသောအသင်းအဖြစ်နဲ့လည်း လက်စတာက ရပ်တည်နေပြီး လာမယ့်ရာသီမှာ သူတို့ကို ပရီးမီးယားလိဂ်မှာ ပြန်ကစားတာ မြင်တွေ့ရဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။ အသင်းရဲ့ အားထားရတဲ့ ကစားသမားတချို့ကို ရောင်းထုတ်ခဲ့ရပေမယ့် လက်စတာက ဟန်ချက်ညီအောင်ထိန်းထားပြီး ကစားနိုင်ခဲ့ပါတယ်။ 

လက်စတာဟာ ကိုဗင်ထရီ၊ ဟတ်ဒါဖီး၊ ကာဒစ်နဲ့ ရိုသာဟမ်တို့ကို ဆက်တိုက်အနိုင်ရရှိခဲ့တာပါ။ ဒီပွဲတွေအားလုံးမှာ သူတို့က ဂိုးပြတ်နိုင်ပွဲမရခဲ့ပေမယ့် အနိုင်ရဖို့ လုံလောက်အောင် အားထုတ်နိုင်ခဲ့ပြီး ရဂိုး ၇ ဂိုးမှာ ၅ ဂိုးအထိကို ပွဲချိန်နှောင်းပိုင်းတွေမှာ သွင်းယူကာ သူတို့ရဲ့ စိတ်အားထက်သန်မှုကိုပါ ပြသနိုင်ခဲ့ပါတယ်။ 

ဂျင်မီဗာဒီက ဦးဆောင်ကစားပေးနေပြီး လက်စတာကစားသမားတွေကလည်း အားထုတ်ကြိုးပမ်းနေတာကြောင့် ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေကာ တနှစ်အတွင်းမှာပဲ သူတို့ တန်းပြန်တက်နိုင်မလား စောင့်ကြည့်ရပါတော့မယ်။

လက်စတာမှာ အီဟီရာနာချို၊ ပါရဲရား၊ ဗက်စတာဂါ့ဒ်၊ ဖေးစ်၊ ဟယ်ရီဝင့််ခ်၊ ဂျူဘူရီဟောလ်တို့က အဓိကကစားသမားတွေအဖြစ်နဲ့ ပါဝင်နေကာ ဗာဒီကတော့ လူစားဝင်ကစားသမားအဖြစ်နဲ့ ကစားပေးရတာ ပိုများခဲ့ပါတယ်။ ဒီနေ့မှာတော့ လက်စတာက လိဂ်ဖလားပွဲအဖြစ် ထရမ်းမဲနဲ့ ကစားရဖို့ရှိပါတယ်။ 

Share

Loading Next Article...
က္က