ယူနိုက်တက်အတွက် စပါးနဲ့ပွဲက အရေးကြီးနေခဲ့ပြီး ရလဒ်ကောင်းမဖြစ်မနေရရှိဖို့ လိုအပ်နေခဲ့ချိန််မှာ ရော်နယ်ဒိုရဲ့ ခြေစွမ်းပြမှု၊ ဖာနန်ဒက်စ်ရဲ့ တိကျတဲ့ ဖန်တီးပေးမှုတွေက အသင်းကို နိုင်ပွဲရရှိစေခဲ့ပါတယ်။
မနေ့ကကစားခဲ့တဲ့ စပါးနဲ့ပွဲမှာ ရော်နယ်ဒိုက ယူနိုက်တက်အတွက် တစ်ဂိုးသွင်းယူကာ တစ်ကြိမ်ဖန်တီးပေးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လက်စတာနဲ့ လီဗာပူးလ်ကို ဆက်တိုက်ရှုံးနိမ့်ထားတဲ့ ယူနိုက်တက်အတွက် စပါးနဲ့ပွဲက အရေးကြီးနေခဲ့ပြီး ရလဒ်ကောင်းမဖြစ်မနေရရှိဖို့ လိုအပ်နေခဲ့ချိန််မှာ ရော်နယ်ဒိုရဲ့ ခြေစွမ်းပြမှု၊ ဖာနန်ဒက်စ်ရဲ့ တိကျတဲ့ ဖန်တီးပေးမှုတွေက အသင်းကို နိုင်ပွဲရရှိစေခဲ့ပါတယ်။
ဒီပွဲကို အနိုင်ရရှိခဲ့ပြီးနောက် ရော်နယ်ဒိုက သူတို့အသင်းကို ချာတူးလံလို့ ဝေဖန်ပြောဆိုမှုတွေအပေါ်မှာ စိတ်အနှောင့်အယှက်မဖြစ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ပြောဆိုမှုတွေအပေါ်မှာလည်း ဂရုစိုက်မှုအလျဉ်းမရှိဘူးလို့ ပေါ်တူဂီတိုက်စစ်မှူးက ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့နောက် ယူနိုက်တက်ဟာ ဂယ်ရီနဗီးလ်၊ ၀ိန်းရွန်နီတို့လို အသင်းကစားသမားဟောင်းတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ရင်ဆို်ငခဲ့ရတာဖြစ်ပါတယ်။
"အသင်းက ဖိအားတွေအောက်မှာ နည်းနည်းတော့ရှိနေခဲ့ပါတယ်၊ ဒါပေမယ့် ဒီနေ့မှာ အဖြေကောင်းတစ်ခုကို ပေးနိုင်မယ်ဆိုတာ ကျွန်တော်တို့သိခဲ့ပါတယ်၊ကောင်းကောင်းကစားနိုင်ခဲ့ပြီး၊ ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်၊ ကျွန်တော့်အတွေ့အကြုံနဲပ အသင်းကို ကူညီနိုင်ခဲ့တယ်၊ သွင်းဂိုး၊ ဖန်တီးမှုတွေလုပ်နိုင်ခဲ့လို့ ပျော်ရွှင်ရပါတယ်၊ ဒါပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်က မယုံနိုင်စရာပါ" လို့ ရော်နယ်ဒိုက ယူနိုက်တက်တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုခဲ့ပါတယ်။