မိဘတွေကိုယ်တိုင်က ပေးခဲ့တာပါ။

ချီလီမြောက်ပိုင်းက Copiapo မြို့မှာ ၂၀၂၂ ခုနှစ်ရဲ့ ပထမဆုံးသော ကလေးငယ်ကို မွေးဖွားခဲ့တဲ့ ဘောလုံးကိုအရူးအမူးအားပေးတဲ့ မိဘနှစ်ဦးဟာ ကလေးငယ်နာမည်ကို ဂရစ်မန်းဇ်ဘတ်ပီဆိုပြီး ပေးခဲ့ကြောင်း သိရပါတယ်။ ပြင်သစ်လက်ရွေးစင်ကစားသမားနှစ်ဦးရဲ့ နာမည်တွေဖြစ်ပြီး ဒီကလေးငယ်ဟာ မွေးဖွားချိန်မှာ အလေးချိန် ၆ ပေါင်နဲ့ ၇ အောင်စရှိတယ်လို့ သိရပါတယ်။ 

နှစ်သစ်ကူးနေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မိခင်နဲ့ ကလေးပုံတွေကို ဆေးရုံက ဖော်ပြခဲ့ပါတယ်။ ဒီလိုဖော်ပြရာမှာ "သူမရဲ့ ပထမဆုံးကလေးငယ်လေးဖြစ်တဲ့ ဂရစ်မန်းဘတ်ပီကို ဇန်နဝါရီလ ၁ ရက်နေ့၊ ၂၁နာရီ နဲ့ ၉ မိနစ်မှာ မွေးဖွားခဲ့တာပါ၊ ဒီမွေးဖွားမှုအတွက် သူ့ကို ချစ်ခင်စွာနှုတ်ဆက်ပါတယ်၊ ၂၀၂၂ ခုနှစ်မှာ သူက Atacama သဲကန္တရာကို ပထမဆုံးရောက်ရှိလာတဲ့ ကလေးငယ်ဖြစ်ပါတယ်" လို့ ရေးသားခဲ့ပါတယ်။ 

ဒေသကျန်းမာရေးဌာနကလည်း "ဂုဏ်ပြုပါတယ်၊ Copiapo ဆေးရုံမှာ မွေးဖွားတဲ့ ပထမဆုံးကလေး ဂရစ်မန်းဘတ်ပီကို ချစ်ခင်လေးစားစွာနဲ့ ကြိုဆိုပါတယ်" လို့ ဂုဏ်ပြုကြောင်း ရေးသားခဲ့ပါတယ်။ ကလေးငယ်ရဲ့ နာမည်အပြည့်အစုံကတော့ ဂရစ်မန်းဘတ်ပီချမ်ဘီပါကာယီဖြစ်ပြီး မိခင်ဖြစ်သူ တီယိုဒိုရာက "ကျွန်မတို့က ဘောလုံးပွဲအရူးအမူးအားပေးတာပါ၊ သူ့ရဲ့ပထမနာမည်ကို ကျွန်မက ရွေးချယ်ခဲ့ပြီး သူ့အဖေကတော့ ဘတ်ပီဆိုတာကို ရွေးချယ်ခဲ့တာပါ" လို့ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ 

လူမှုကွန်ရက်ပေါ်မှာ ဒီသတင်းထွက်ပေါ်လာချိန်မှာတော့ အားလုံးက ကလေးငယ်ဟာ သူ့နာမည်ကြောင့် အနိုင်ကျင့်စော်ကားခံရ၊ နောက်ပြောင်ခံရနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။ သာဓကအနေနဲ့ မန်စီးတီးတိုက်စစ်မှူးဟောင်းအဂူရိုရဲ့ သားဖြစ်သူ ဘင်ဂျီဟာ အဖိုးဖြစ်သူ မာရာဒိုနာကြောင့်လည်း လူသိများထင်ရှားပြီး စာသင်ကျောင်းမှာ ဖိအားတွေရှိတဲ့ ကလေးငယ်တဦးအဖြစ်ရှိနေခဲ့တယ်လို့ ထောက်ပြခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က