မသိသူမရှိတဲ့အထိ ချင်းအစားအစာ ဆိုင်တွေထဲ နာမည်ကြီးတဲ့ ၁၂ လုံးတန်း က ဆာဗူးသီး ဆိုင်ပါ။

ရန်ကင်း(၁၂)လုံးတန်းက လူကြိုက်များစျေးတန်စားကောင်း တဲ့ ချင်းရိုးရာ အစားအစာ ဆာဗူးသီး ရတဲ့ ဆိုင်လေး နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ SABUTI ချင်းရိုးရာအစားအစာ ဆိုင်မှာဆိုရင်တော့ ဆာဗူးသီး တစ်မျိုးတည်းကိုပဲ အဓိက ရောင်းချတာဖြစ်ပြီး ဘက်ဂျက်ဈေးလောက်နဲ့ အရသာရှိရှိ စားရမှာဖြစ်ပါတယ်။



၁၂ လုံးတန်း SABUTI

ရန်ကုန်မှာ ချင်းအစားအစာရောင်းတဲ့ ဆိုင်‌တွေ အများကြီးမရှိလို့ ဒီ SABUTI ချင်းရိုးရာအစားအစာနဲ့ စားဖွယ်စုံဆိုင်လေးကို ( ၂၀၂၃) ခုနစ်မှာ စပြီး လှည်းတန်းမှာအရင် ဖွင့်ဖြစ်ခဲ့တာလို့သိရပါတယ်။ လက်ရှိမှာတော့ ရန်ကင်း ၁၂ လုံးတန်း မှာ အိမ်ဆိုင်လေးအဖြစ် နေရာပြောင်းလဲကာ ဖွင့်လှစ်ရောင်းချ နေတာပဲဖြစ်ပါတယ်။ ဘက်ဂျက်ဖြစ်တဲ့ဈေးနှုန်းနဲ့စားရမယ့် အပြင် အရသာကောင်းလို့ လူကြိုက်များတဲ့ဆိုင်တစ်ဆိုင်ပါ။ အဝေးကနေ တကူးတကလာစားကြရတဲ့ဆိုင်အထိ အားပေးကြသလို က foodpanda နေ မှာစားကြတာတွေလည်းများပါတယ်။ ဒီဆိုင်မှာ တစ်ခါ လာစားဖူးသူတိုင်းကလည်း နောက်တစ်ခါ ထပ်လာစားကြသလို မှော်ဘီ ၊သန်လျင်တို့လို အဝေးကနေရာတွေကပါ တကူးတကလာရောက် စားကြတဲ့သူ တွေလည်းများပါတယ်။

ကျန်းမာရေးနဲ့ ညီတဲ့အစားအစာ

ထမင်း အဖြစ် အစားထိုး အနေနဲ့ စာသုံးနိုင်စေဖို့အတွက်ဆိုလည်း သင့်တော်တဲ့ အစားအစာလေးဖြစ်ပြီး ဆီမပါ ၊ CHEMICAL မပါတာတွေကိုပဲ အသုံးပြုထားလို့ ကျန်းမာရေးနဲ့လည်း ညီတဲ့ အစားအစာလေး ကို လူတိုင်းအတွက် စားစေချင်လို့ ဆိုင်လေးကို ဖွင့်ရောင်းဖြစ်ခဲ့တာလို့သိရပါတယ်။ ဒီဆိုင်က ဆာဗူးသီးလေးကတော့ နူးအိနေ တဲ့ ပြောင်းဖူးနဲ့ အသားရဲ့လတ်ဆတ်တဲ့ ပါ၀င်ပစ္စည်းတွေကြောင့် အားအင်ပြည့်၀စေပြီးEnergy လိုအပ်နေသူများအတွက် အကောင်းဆုံး သဘာဝဖြည့်စွက်စာ အဖြစ်လည်း စားသုံးနိုင်ပါတယ်။ဆာဗူးသီး ချက်တာ အရသာရှိပြီး လက်ရာ ကောင်းတဲ့ အတွက် ကိုလည်း ချင်းလူမျိုး စားသုံးသူတွေဆီက နေပါ ချင်းတွေထက်တောင်ဆာဗူးသီး ချက်တော်ကြောင်း ချီးကျူးခံခဲ့ရဖူးတယ်လို့ ဆိုင်ရှင်ဆီကသိရပါတယ်။ 

စျေးနှူန်း

SABUTI ဆိုင်မှာ သက်သတ်လွတ် ဆာဗူးသီး၊ကြက် ဆာဗူးသီး၊ဝက် ဆာဗူးသီး၊ဝက်ကြော်၊အမဲကြော်၊ဝက်အူစုံသုပ်၊အမဲအူကြမ်းသုပ် တို့အစုံကို စားသုံးနိုင်ပါတယ်။ဆာဗူးသီးနဲ့တွဲဖက်စားနိုင်ဖို့ ၊ဝက်ကြော် ၊အမဲကြော်၊ ဝက်အူစုံသုပ် ၊အမဲအူကြမ်းသုပ်တို့ကိုအစုံ ရပြီး ဈေးနှုန်းလေးတွေကလည်း (၅၀၀၀) ၀န်းကျင် နဲ့ စားရမှာဖြစ်ပါတယ်။

လိပ်စာ 

 ဘက်ဂျက်ဖြစ်တဲ့ဈေးနှုန်းနဲ့စားရမယ်အပြင် အရသာကောင်းလို့ လူကြိုက်များ တဲ့ ဆိုင်တစ်ဆိုင်ဖြစ်တဲ့SABUTI ဆိုင် လိပ်စာကတော့(၁၂)လုံးတန်းမှတ်တိုင်အနီး ၊ ရန်ကင်းမြို့နယ် မှာပဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က