Private Jet ခရီးနဲ့ သွားတာကို ကုမ္ပဏီဘက်က ဘယ်လောက်ပေးရလဲ သတင်းကို The Financial Time က အခုလို အသိပေးလိုက်ပါတယ်။
ISS Corporate Solutions ရဲ့ အချက်လက်ကို မှီငြမ်းထားတဲ့ သတင်းမှာ အမေရိကန် CEO တွေ လွန်ခဲ့တဲ့ 10 နှစ်တုန်းကထက် အသွားအလာ ပိုများပြီး 2021 နဲ့ ယှဥ်ရင် ခရီးစရိတ်တွက် သုံးစွဲနှုန်းက 22% ပိုများတယ်လို့ သိရပါတယ်။
အထူးသဖြင့် စင်းလုံးဌား လေယာဥ်နဲ့ သွားလေ့ရှိတဲ့ ကုမ္ပဏီ CEO ၊ ပိုင်ရှင်နဲ့ အရေးပါဆုံး ပုဂ္ဂိုလ်တွေကို လေ့လာခဲ့ပြီး Finalcial Time အဆိုရ စုစုပေါင်း $41.3 သန်း ရှိတယ်လို့ သိရပါတယ်။
ဒီ $41.3 သန်းထဲက 5% ဟာ Meta ကလာပြီး Facebook နဲ့ Instagram ပိုင်ရှင် တဖြစ်လည်း CEO Mark Zuckerberg ကို ခရီးစရိတ် အသုံးဆုံး CEO အဖြစ် ဖော်ပြထားပါတယ်။
Meta အနေနဲ့ $4 သန်း သုံးတယ်လို့ ပြောတဲ့အထဲမှာ Chief Operating Officer ဖြစ်သူ “Sheryl Sandberg” လည်း ပါပြီး သူမလည်း အတော် ခရီးသွားတဲ့သူလို့ ဆိုရမှာပါ။
Image: Kevin Dietsch via Getty Imgae
ကုမ္ပဏီ အနေနဲ့ Sandberg သုံးဖြုန်းတဲ့ စရိတ်ကို ပြောမထားပေမယ့် Financial Time အဆိုရ Mark Zuckerberg ဟာ ၎င်းပျံသန်းတဲ့ ခရီးစဥ်တွေအတွက် Meta ဖက်က $2.3 သန်း ပေးရတယ်လို့ ပြောထားပါတယ်။ ဒီပမာဏဟာ CEO တွေထဲ ကြေးအကြီးဆုံးပါ။
ဒီလို နေရာတကာ သွားနေတဲ့ VIP နှစ်ယောက်အတွက် လုံခြုံရေးလည်း လိုသေးတာဆိုတော့ သန်းနဲ့ချီတဲ့ ဒေါ်လာတွေကို Security ပိုင်းတွက် သုံးစွဲထားပေမယ့် Meta အနေနဲ့ ပမာဏ အတိအကျ မဖော်ပြထားပါဘူး။
သူတို့နောက်မှာတော့ Lockheed Martin ၊ Las Vegas Sands နဲ့ Netflix CEO တွေ ပါဝင်ပြီး စင်းလုံးဌား လေယာဥ်တွေနဲ့ ခရီးသွားရာမှာ ဒေါ်လာ 1 သန်းကျော် သုံးစွဲခဲ့တယ်လို့ The Financial Time တင်ပြထားပါတယ်။
ဒိထဲမှာ Elon Musk မပါတဲ့ အချက်က လုပ်ကြံခံရမှာ စိုးရိမ်တဲ့အတွက် ၎င်းပျံသန်းတဲ့ ခရီးစဥ်တွေမှာ Account Tracking လုပ်တာကို 2022 ဒီဇင်ဘာ ကတည်းက ပိတ်ထားကြောင်း ၊ အမေရိကန် ဘီလီယံနာဟာ Private Jets နဲ့ ခရီးအများဆုံး သွားသူဖြစ်ကြောင်း Institute for Policy Studies နဲ့ Patriotic Millionaires Report မှာ ရေးသားထားပါတယ်။
CEO Mark Zuckerberg တစ်နှစ်စာ လစာကို ခံစားခွင့် အားလုံး ထည့်တွက်လိုက်ရင် 2022 မှာ $27.11 သန်း ရှိပြီး 2021 တုန်းက $26.82 သန်းထက် ပိုများလာပါတယ် ၊ အဲ့ဒီ $27.11 သန်းထဲမှာ $14.8 သန်းကို Personal Security တွက် ပေးရပြီး 2021 တုန်းက သုံးခဲ့တဲ့ $15.2 သန်းထက် အနည်းငယ် လျော့နည်းသွားတယ်လို့ The New York Post က ဖော်ပြထားပါတယ်။
Meta CEO အနေနဲ့ ကိုယ်ပိုင် ဂျက်လေယာဥ် မရှိဘူးလို့လည်း ငြင်းဆိုထားပါတယ်။
Source: Fortune ၊ The New York Post
Share