ဆောင်းရာသီခရီးစဉ်အတွက် ပြင်ဆင်သင့်တဲ့ အဓိကအချက်တွေကို သိချင်ရင်တော့ ဒီဆောင်းပါးမှာ ဖတ်ကြည့်လိုက်ပါဦး။

ဆောင်းရာသီခရီးဟာ ရာသီဥတုအေးမြပြီး လှပတဲ့ရှုခင်းတွေကြောင့် ခရီးသွားချစ်သူ တွေအကြိုက်တွေ့ကြတဲ့ ရာသီဖြစ်ပေမဲ့လည်း အအေးပိုင်းဒေသတွေ အတွက်ကိုတော့ သေချာပြင်ဆင်မှုတွေ လိုအပ်ပါတယ်။ အထူးသဖြင့် လေးလံထူထဲတဲ့ အဝတ်အစားတွေက ခရီးဆောင်အိတ်ကို နေရာယူနိုင်လို့ စနစ်တကျ ထုပ်ပိုးဖို့နဲ့ အိတ်ထဲမှာ လိုအပ်တဲ့ပစ္စည်းတွေ ထည့်ဖို့က အရေးကြီးပါတယ်။ ဆောင်းဦးခရီးစဉ်တစ်လျှောက်လုံး နွေးထွေးပြီး အဆင်ပြေစေဖို့အတွက် ပြင်ဆင်သင့်တဲ့ အဓိကအချက်တွေကို သိချင်ရင်တော့ ဒီဆောင်းပါးမှာ ဖတ်ကြည့်လိုက်ပါဦး။ 



၁။ အဝတ်အစားတွေကို အလွှာလိုက် ဝတ်ဆင်ပါ

ဆောင်းရာသီမှာ‌ နွေးနွေးထွေးထွေးရှိစေဖို့အတွက် အဝတ်အစားတွေကို အလွှာလိုက် ဝတ်ဆင်ခြင်း (Layering) က အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အဓိကအနေနဲ့တော့ အတွင်းဝတ်၊ အနွေးဓာတ်ပေးနိုင်တဲ့ လက်ရှည်အင်္ကျီနဲ့ လေကာအင်္ကျီ/လေဖောင်းအင်္ကျီဆိုပြီး အလွှာ (၃) လွှာကို ဝတ်ထားသင့်ပါတယ်။ 

၂။ ဆောင်းရာသီအတွက် အရေးကြီးတဲ့ အသုံးအဆောင်ပစ္စည်းများ

  • ခန္ဓာကိုယ်အပူချိန်ကို ကာကွယ်ဖို့ ဦးထုပ်/ခေါင်းစွပ်၊ လက်အိတ်၊ ခြေအိတ်နဲ့ အကြမ်းခံတဲ့ ဖိနပ်တွေကို ရွေးချယ်သင့်ပါတယ်။ 
  • ဦးထုပ်နဲ့ လည်ပင်းစည်း - နားနဲ့ ဦးခေါင်းကို နွေးထွေးလုံခြုံစေဖို့ သိုးမွှေးဦးထုပ် ဆောင်းပါ။ လည်ပင်းစည်း မာဖလာကလည်း လေတိုက်ခတ်တာကို ကာကွယ်ပေးလို့ အသုံးဝင်ပါတယ်။ 
  • လက်အိတ်နဲ့‌ ခြေအိတ် - ရေစိုခံပြီး အပူကာကွယ်နိုင်တဲ့ လက်အိတ်ကို ရွေးချယ်ပါ။ ခြေထောက်အအေးမိရင် ဖျားနာလွယ်တာကြောင့် နေ့စဉ်လဲလှယ်ဖို့အတွက် ခြေအိတ်အပိုတွေ ထည့်ပါ။
  • ဖိနပ် - ရေစိုခံပြီး ပေါ့ပါးတဲ့ ဆောင်းရာသီစီး ဖိနပ်ကို ရွေးချယ်ပါ။ ဆီးနှင်း ဒါမှမဟုတ် ရေခဲပြင်ပေါ်မှာ လမ်းလျှောက်တဲ့အခါ ချော်မလဲစေဖို့ ခိုင်ခံ့တဲ့အောက်ခံပါတဲ့ ဖိနပ်ဖြစ်ဖို့လည်း သေချာရွေးဖို့ လိုပါတယ်။ 
၃။ ခရီးဆောင်အိတ်ကို စနစ်တကျထုပ်ပိုးပါ 
  • ဆောင်းရာသီအဝတ်အစားတွေဟာ အိတ်ထဲမှာ နေရာအများကြီး ယူတာကြောင့် သေသေသပ်သပ် ထုပ်ပိုးတာက ခရီးဆောင်အိတ်ပမာဏကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
  • အဝတ်တွေကို လိပ်ထည့်ပါ - အဝတ်တွေကို တစ်ထည်ချင်းခေါက်ပြီး ထည့်မဲ့အစား အထပ်လိုက်လိပ်ပြီး ထည့်ာက နေရာပိုရပြီး တွန့်ကြေတာလည်း သက်သာစေပါတယ်။
  • အကြီးဆုံးနဲ့အလေးဆုံးကို ဝတ်သွားပါ - အိတ်ထဲက အကြီးဆုံးဆောင်းကုတ်အင်္ကျီနဲ့ လေးလံတဲ့ ဖိနပ်အကြီးဆုံးတစ်ရံကို ခရီးသွားနေတုန်းမှာ ဝတ်ဆင်သွားပါ။ ဒီနည်းလမ်းက ခရီးဆောင်အိတ်ထဲမှာနေရာလွတ်တွေ ပိုများစေပါတယ်။ 
  • ဖိနပ်ထဲကို ပစ္စည်းတွေ ထည့်ပါ - ခြေအိတ်၊ အတွင်းခံနဲ့ တခြားပစ္စည်းအသေးတွေကို ဖိနပ်ထဲကို ထည့်တာက နေရာကို ချွေတာစေပါတယ်။ 
  • အဝတ်အစား လျှော့ထည့်ပါ - အဝတ်အစားများကို အရောင်ရောစပ်ပြီး တွဲဝတ်နိုင်တဲ့ ဒီဇိုင်းနဲ့ အရောင်တွေကို ရွေးချယ်တာက သယ်သွားရမယ့် အဝတ်အစားပမာဏကို လျှော့ချပေးပါတယ်။ 
၄။ ကျန်းမာရေးနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းများ
  • ဆောင်းရာသီရဲ့ အအေးဒဏ်က အသားအရည်ကို ခြောက်သွေ့စေပြီးတခြားကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်လို့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
  • အသားအရေ ထိန်းသိမ်းဖို့အတွက် အစိုဓာတ်ထိန်းခရင်မ် (Moisturizing Cream), လက်လိမ်းခရင်မ် (Hand Cream), နှုတ်ခမ်းအဆီ (Lip Balm) နဲ့ နေရောင်ကာခရင်မ် (Sunscreen) တွေက သေချာပေါက်ယူသွားသင့်ပါတယ်။ 
  • အရေးပေါ်ဆေးအိတ် - အကိုက်အခဲပျောက်ဆေး၊ အအေးမိ/တုပ်ကွေးပျောက်ဆေး၊ ပလာစတာနဲ့ အနာကျက်ဆေးတွေလည်း ထည့်သွားသင့်ပါတယ်။ 
  • လက်/ခြေ နွေးစေတဲ့ အိတ် - (Heat Pads) ရေခဲမှတ်အထိ အေးစိမ့်တဲ့နေရာတွေကို သွားလည်တဲ့အခါ လက်အိတ်နဲ့ ဖိနပ်ထဲကို ထည့်ထားပြီး သုံးလို့ရတဲ့ အပူပေးအိတ်လေးတွေကလည်း တကယ်ကို အသုံးဝင်လှပါတယ်။
၅။ တခြားလိုအပ်တဲ့ပစ္စည်းများ 
  • နိုင်ငံကူးလက်မှတ်၊ ဗီဇာ၊ လေယာဉ်လက်မှတ်နဲ့ ဘွတ်ကင်အတည်ပြုချက်လိုမျိုး ခရီးသွားလာရေး စာရွက်စာတမ်းများ (Travel Documents) အားလုံးကို ရေစိုခံတဲ့အိတ်နဲ့ တစ်နေရာတည်းမှာ စနစ်တကျ ထည့်ထားပါ။ပါဝါဘဏ်၊ နားကြပ်၊ အားသွင်းကြိုးတွေလည်း သေချာထည့်ပါ
  • အေးတဲ့ရာသီမှာ အအေးမိ၊ တုပ်ကွေးနှင့် ရာသီတုပ်ကွေး ရောဂါပိုးတွေ ပျံ့နှံ့လွယ်လို့ တစ်ရှူး၊ နှာခေါင်းစည်း Mask နဲ့ လက်သန့်ဆေးရည်လည်း မမေ့သင့်ပါဘူး။
  • ခရီးရက်ရှည်သွားတဲ့အခါ ရာသီဥတုအပြောင်းအလဲနဲ့ ပင်ပန်းမှုကြောင့် ဖျားနာနိုင်လို့ ကိုယ်ခံအားကို မြှင့်တင်ပေးမယ့် ဗီတာမင် C နဲ့ ဗီတာမင် D တို့ကို ဆောင်သွားဖို့ စဉ်းစားသင့်ပါတယ်။


ဒီအချက်တွေကို ကြိုပြင်ဆင်သွားမယ်ဆိုရင်တော့ ဆောင်းရာသီခရီးစဉ်တစ်လျှောက်လုံး ပိုပြီး ဘေးကင်းလုံခြုံ နွေးထွေး အဆင်ပြေစေဖို့ အထောက်အကူပြုပါလိမ့်မယ်။


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က