နာမည်လေးနဲ့လိုက်အောင်ကိုသမီးလေးကချစ်စရာကောင်းလွန်းနေပါတယ်။

အဆိုတော်အိမ့်ချစ်နဲ့ကိုဇော်ဝင်းလှိုင်တို့ရဲ့ သမီးဦးလေး အမရာကို ယနေ့သြဂုတ်လ ၆ရက်နေ့မှာ နံနက်၇နာရီမှာအောင်မြင်စွာ မွေးဖွားခဲ့ပြီပဲဖြစ်ပါတယ်။ 

သမီးဦးလေးအမရာကို အာယုဆေးရုံမှာပဲ ယနေ့မှာမွေးဖွားခဲ့တာဖြစ်ပြီး အမရာလေးက တော့ ၆ပေါင်၁၂အောင်စရှိပြီး မိခင်နဲ့ ကလေးပါကျန်းမာတယ်လို့သိရပါတယ်။ 


Photo- Arr Yu Hospital

အမရာလေးကို ကိုယ်ဝန်ဆောင်စဉ်တောက်လျှောက်မှာလည်းဂရုတစိုက်နဲ့ ထိန်းထိန်းသိမ်းသိမ်းနေဖြစ်နေပြီး သမီးလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့တစ်နှစ်လုံးကလည်းကံကောင်းခြင်းတွေပိုင်ဆိုင်ထားရတာဖြစ်တဲ့အကြောင်းအင်တာဗျူးတချို့မှာဖြေကြားထားခဲ့ပါတယ်။


Photo-Arr Yu Hospital

အဆိုတော်အိမ့်ချစ်က သမီးလေးမမွေးခင်မှာလည်းကိုယ်ဝန်ဆောင်နဲ့အလှဓာတ်ပုံလေးတွေကလည်း ဆိုရှယ်မီဒီယာမှာ သဘောကျနှစ်ခြိုက်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။ 

"အိမ့်ချစ်ဆို အပျိုဘဝမှာ ခုလိုခန္ဓာအသားကိုဖော်ပြီးတစ်ခါမှမရိုက်ခဲ့ဖူးပေမယ့် ဒါကမိခင်လောင်းဘဝကိုယ့်ခန္ဓာကိုယ်ရဲ့ပြောင်းလဲဖြစ်တည်မှုကိုအမှတ်တရမှတ်တမ်းတင်တာမို့ ဗိုက်ကိုဖော်ပြီးကိုရိုက်တာပါ"ဆိုပြီးတော့လည်းအဆိုတော်အိမ့်ချစ်ရဲ့ ဆိုရှယ်မီဒီယာထက်မှာရေးသားထားခဲ့ပါသေးတယ်။ 

Photo- Arr Yu Hospital

အဆိုတော်အိမ့်ချစ်တို့ဇနီးမောင်နှံနှစ်ဦးဟာ ၂၀၂၀ခုနှစ် ဇွန်လ ၆ရက်နေ့မှာရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီးရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပြီး အများက အားကျရတဲ့ဇနီးမောင်နှံအတွဲလေးလည်းဖြစ်ပါတယ်။ 

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အ တူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က