ခရီးသွားရတာကို ကြိုက်သူတွေအတွက် ချစ်စရာကောင်းပြီး အေးချမ်းလှတဲ့ ပြည်တွင်းပြည်ပခရီးသွားတွေ အရမ်းနှစ်ခြိုက်သဘောကျကြတဲ့ ညောင်ရွှေမြို့ ကိုမှ သွားလည်ဖို့ စိတ်ကူးလိုက်ပြီဆိုရင်တော့ ညောင်ရွှေရောက်ခိုက် မဖြစ်မနေ သွားကို သွားသင့်တဲ့ စားသောက်ဆိုင် (၄) ဆိုင်လေးကို ညွှန်းပါရစေ။
(၁) Inle Horse Club
မြင်းလေးလည်း စီးရင်း အင်းလေးအလှတရားတွေကို ခံစားလို့ရနိုင်မယ့် နေရာလေးရဲ့နာမည်ကတော့ Inle Horse Club လို့ခေါ်ပါတယ်။ ရောက်လေရာ ဓာတ်ပုံရိုက်ရတာ ကြိုက်သူတွေအတွက်တော့ မြင်းစီးထားတဲ့ ခပ်မိုက်မိုက်ပုံလေးတွေ ရမှာမို့ သဘောကျမှာကျိန်းသေပါတယ်။ ခရီးအရသာကို သေချာခံစားပြီး ကော်ဖီလေးသောက် မုန့်လေးစားရင်း Chill နိုင်မယ့် နေရာလေးပါ။
(၂) Red Mountain Winery and Vineyard
ရှမ်းတောင်တန်းကြီးရဲ့ အလှအပတွေနဲ့အတူ အင်းလေးရေပြင်ရဲ့ အလှအပကို သေချာခံစားစီးမျောနိုင်မယ့် နေရာကောင်းလေးကတော့ Red Mountain Winery and Vineyard ဆိုတဲ့ နေရာလေးပါပဲ။ စပျစ်ခြံကြီးထဲမှာတည်ရှိတာဖြစ်လို့ ညနေဝင်ဆည်းဆာအလှလေးကို ဝိုင်လေးသောက်ပြီး ခံစားနိုင်မယ့် နေရာကောင်းလေးပါ။
(၃) Pwe Taw Win Restaurant
ရှမ်းရိုးရာအစားအသောက်တွေနဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ Vibe ကလေးနဲ့ ငြိမ့်ချင်တဲ့သူတွေအတွက် အသင့်တော်ဆုံးဆိုင်ကိုပြောပါဆိုရင်တော့ Pwe Taw Win Restaurant ကိုပဲ ညွှန်းပေးပါရစေ။ အစားအသောက်ကောင်းကြိုက်သူတွေအနေနဲ့ လှညောင်ရွှေရောက်ရင် အရသာကောင်း ဟင်းအမယ်စုံလင်တဲ့ ဒီဆိုင်လေးကို သွားကိုစားသင့်ပါတယ်။
(၄)လယ်တောအိမ်Restaurant
စိမ်းစိုလှပနေတဲ့ စပါးပင်လေးတွေကြားထဲမှာ ဝါးကလေးတွေနဲ့ ဆောက်ထားတဲ့ နှစ်ထပ်အိမ်ကလေးရဲ့ နာမည်ကတော့ လယ်တောအိမ်ပါတဲ့။ ပြင်သစ်ဒီဇိုင်းလက်ရာလေးဖြစ်တဲ့အပြင် La Riziere Buvette Restaurant and Sunset Barဆိုတဲ့ ပြင်သစ်နာမည်လေးတောင် ပိုင်ဆိုင်ထားပါသေးတယ်။ ရှုခင်းလှသလို အစားအသောက်တွေကလည်း စုံလင်ပြီး အရသာရှိတဲ့ ဆိုင်ကလေးပါ။
ရှမ်းပြည်က အစားအသောက်ကောင်းလေးတွေစားချင်လား၊ ကော်ဖီကောင်းကောင်းလေးသောက်ပြီး ဓာတ်ပုံလှလှလေးတွေရိုက်ချင်လား၊ နေဝင်ဆည်းဆာအလှကို ခံစားချင်လား ခံစားမှုအားလုံးကို ဒီဆိုင်လေး ၄ ဆိုင်က တစ်မျိုးဆီ ပေးစွမ်းနိုင်တာမို့လို့ ညောင်ရွှေမြို့လေးကို အလည်သွားမယ့်သူတွေအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။