ဗန်ဒီဘိခ်ကို အသင်းကထွက်ခွာခွင့်မပေးဘဲ ပိတ်ပင်ထားတာပါ။

ယူနိုက်တက်ဟာ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်အတွက် ကမ်းလှမ်းမှုတွေကို ငြင်းဆန်နေပြီး လာမယ့် (၂၀၂၂-၂၃) ဘောလုံးရာသီ အသင်းလူစာရင်းမှာ ဗန်ဒီဘိခ်ကို မြင်တွေ့လိုဆဲဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီအကြောင်းကိုတော့ ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ပြောပြခဲ့တာဖြစ်ပါတယ်။



အဆိုပါ နယ်သာလန် ကြယ်ပွင့် ကွင်းလယ်လူဟာ ဆိုးလ်ရှားလက်ထက်မှာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီး ပွဲထွက်ကစားခွင့်အတွက် ရုန်းကန်ခဲ့ရပါတယ်။ ဆိုးလ်ရှားထွက်သွားပြီးနောက်ပိုင်း ရန်းနစ်ဂ်ရောက်လာချိန်မှာ ဗန်ဒီဘိခ်တယောက် ပုံမှန်ပွဲထွက်ခွင့်အတွက် မျှော်လင့်ချက်ရှင်သန်ခဲ့ပေမယ့် တကယ်တမ်းမှာလည်း ဗန်ဒီဘိခ်ကို ရန်းနစ်ဂ်ကပါ အခွင့်အရေးမပေးခဲ့ပါဘူး။

အဲ့ဒါကြောင့် ဗန်ဒီဘိခ်တယောက် လက်ရှိဆောင်းရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကို စွန့်ခွာလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် တကယ်တမ်း ဗန်ဒီဘိခ်အတွက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့ချိန်မှာလည်း ယူနိုက်တက်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဗန်ဒီဘိခ်ကို ပရီးမီးယားလိဂ်က ခရစ္စတယ်ပဲလေ့စ်၊ လာလီဂါက ဗလင်စီယာတို့က အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းနေပေမယ့် ရန်းနစ်ဂ်ကိုယ်တိုင်က ဗန်ဒီဘိခ်ကို လက်လွှတ်မခံလိုပါဘူး။

ယူနိုက်တက်ဟာ ဗန်ဒီဘိခ်နဲ့ပတ်သက်လို့ အငှားကမ်းလှမ်းမှုကို လက်မခံသလို အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်ဆိုရင် ပိုလို့တောင် လက်မခံဘူးလို့လည်း သိရပါတယ်။ ခရစ္စတယ်ပဲလေ့စ်ဘက်က ဗန်ဒီဘိခ်အတွက် ဖိအားပေးကြိုးစားဖို့ရှိနေပေမယ့် နည်းပြရန်းနစ်ဂ်ကိုယ်တိုင်က ဗန်ဒီဘိခ်ကို အသင်းပြောင်းခွင့်မပေးဖို့ တားဆီးဖွယ်ရှိပါတယ်။

ယူနိုက်တက်ဟာ လက်ရှိဆောင်းရာသီ အပြောင်းအရွှေ့မှာ သူတို့ရဲ့ တိုက်စစ်ကစားသမား မာစီရယ်လ်ကို စပိန်လာလီဂါကလပ် ဆီဗီလာထံ အငှားချခဲ့ပြီးနောက် လင်ဂတ်၊ ဗန်ဒီဘိခ်တို့ အသင်းက ထွက်ခွာမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က